spot_img
13 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းလွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့ပြီး ၅ဦးသေဆုံး

လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့ပြီး ၅ဦးသေဆုံး

-

ကန္တာရဝတီတိုင်း ( မ် )

ဖယ်ခုံမြို့ လွယ်ဟယ်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စနိုက်ပါနဲ့ ယမန်နေ့ ( ဇွန်လ ၂၉ ရက်နေ့) မှာ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီ ၅ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ အဲ့တာကတော့ သုံးကြိမ်လောက်ရှိပြီ။ ဒီတစ်နေရာတည်းကို ပစ်တာကတော့။ အရင်ကလည်း ကျနော်တို့ ဖြန့်ဖြန့်ပြီး လုပ်ရတာကိုး။ သူတို့ တက်လာတယ်။ ကိုယ်က ဆုတ်ရတယ်။ အဲ့လိုမျိုး ဖြန့်ဖြန့်ပြီး လုပ်ရတော့ အဲ့လိုမျိုး ဒီနေရာထဲကို မထားဘူးပေါ့ဗျာ။ ပြောရရင်တော့ ကျနော်တို့ အဆင်ပြေသလို လုပ်ရတာကိုး သူတို့ကလည်း ဖြန့်ဖြန့်ထားတာကိုး။“ လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တစ်ဦးက ပြောပါတယ်။

လွယ်ဟယ်ရွာမှာ စစ်ကောင်စီတပ်သား ၁၂၀ ဝန်းကျင် တပ်စွဲထားတာ တစ်လကျော် ရှိပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ရက်နေ့မှာလည်း ဖယ်ခုံမြို့ လွယ်မကူးတောင်ခြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီ နှစ်ဦး သေဆုံးခဲ့ပါတယ်။

မေလနဲ့ ဇွန်လအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတွေကို စနိုက်ပါနဲ့ ပစ်ခတ်မှု ၁၀ကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီ ၅၅ဦးသေဆုံးခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တစ်ဦးက ပြောပါတယ်။

8m

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ