spot_img
29.9 C
Loikaw
Sunday 22, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပွန်ချောင်းကျေးရွာအနီး စစ်ကောင်စီခြေကုပ်စခန်းကို KA၊ KNDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့

ပွန်ချောင်းကျေးရွာအနီး စစ်ကောင်စီခြေကုပ်စခန်းကို KA၊ KNDFတို့ ဝင်ရောက်တိုက်ခိုက်ခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးက စစ်ကောင်စီ ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း ၁၄ (KNDF B-14) တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNDF B-14က ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြာချိန် မိနစ် ၄၀ ကျော် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီ ခြေကုပ်စခန်းထဲမှာရှိတဲ့ ပစ်မှတ်တချို့ကို ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိတွေ့တိုက်ပွဲအပြီး စစ်ကောင်စီ ခြေကုပ်စခန်းကနေ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်တဲ့အတွက် ပွန်ချောင်းကျေးရွာ ထဲက လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

KNDF ရဲ့ အောက်တိုဘာလ ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာလည်း စစ်ကောင်စီရဲ့ ပွန်ချောင်း ခြေကုပ်တပ်စခန်းကို ကရင်နီပူးပေါင်းတပ်တွေကနေပြီး သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ