spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းလွိုင်ကော်မှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံး ခေတ္တရပ်နားထား

လွိုင်ကော်မှာ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအားလုံး ခေတ္တရပ်နားထား

-

ကန္တာရဝတီတိုင်း( မ် )

၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ကစပြီး လွိုင်ကော်လေဆိပ်က လေကြောင်းပြေးဆွဲမှုအားလုံး ရပ်နားထားတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)နဲ့ Air KBZ လေကြောင်းလိုင်းတွေသာ ပြေးဆွဲပါတယ်။ Air KBZ ကတော့ လုံခြုံရေးအရ ပြီးခဲ့တဲ့ ၄ရက်နေ့၊ ၆ရက်နေ့နဲ့ ၈ရက်နေ့က လေကြောင်းတွေကို ပြန်လည်ပယ်ဖျက်ခဲ့ပြီး ၉ရက်နေ့နောက်ပိုင်းမှသာ ပြန်လည်ပြေးဆွဲမယ်လို့ သိရပါတယ်။

Air KBZ လေကြောင်းလိုင်းက တစ်ပတ်မှာ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တွေမှာ ပြေးဆွဲပျံသန်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ရက်နေ့က လွိုင်ကော်လေဆိပ်မှာ ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံခဲ့ရပြီးနောက် ခရီးစဉ်တွေကို ရပ်နားထားနိုင်တာဖြစ်တယ်လို့ လွိုင်ကော်ဒေသခံ တစ်ဦးက ပြောပါတယ်။

‘’လေယာဥ်ကွင်းကို ရှော့တိုက်ဒုန်းနဲ့ ပစ်တယ်။ ပြီးတော့ အဲ့နားက အစောင့်ရဲတစ်ယောက်ကိုလည်း ပစ်သွားတယ် လို့ ကြားတာပဲ အဲ့ ဒါတွေကြောင့် စစ်ဆေးတာတွေ ပို များလာပြီး ဖမ်းခံရသူတွေလည်း မနည်းဘူး ။ ပြန်လွတ်ပေး၊ မပေး တော့မသိရဘူး။ ‘’ လို့ လွိုင်ကော်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့အတွင်း ၂၀၂၃ ခုနှစ် နှစ်သစ်မှ စပြီး စစ်ဆေးမှုတွေ တင်းကြပ်လျက်ရှိပြီး ဖမ်းဆီးမှုတွေလည်း အများအပြားရှိနေတယ်လို့ လွိုင်ကော်မြို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မည်သည့်အကြောင်းကြောင့် စစ်ကောင်စီက အစစ်အဆေးကို တင်းကြပ်ထားတယ်ဆိုတာကို မသိရသေးပေမယ့် လာမယ့် ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို ကျင်းပနိုင်ဖို့လည်း တင်းကြပ်ပြုလုပ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတချို့က သုံးသပ်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့မှာ ရန်ကုန် – လွိုင်ကော် ပျံသန်းလာတဲ့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) လေယာဉ်တစ်စီးအဆင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် ယာဉ်လိုင်းပြေးဆွဲမှုကို ရပ်နားထားခဲ့ပေမယ့် Air KBZ လေကြောင်းလိုင်းကတော့ ဆက်လက်ပြေးဆွဲနေခဲ့တာပါ။

ဒါ့အပြင် ဒီဇင်ဘာလ ၁၁ရက်နေ့မှာလည်း လွိုင်ကော်လေယာဉ်ကွင်းအနီး ရှော့တိုက်ဒုန်းတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ