spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းစခန်းလုံခြုံရေးကြောင့် စည်းကမ်းချက် ထုတ်ပြန်ကြေညာထားတဲ့ စစ်ရှောင်စခန်း

စခန်းလုံခြုံရေးကြောင့် စည်းကမ်းချက် ထုတ်ပြန်ကြေညာထားတဲ့ စစ်ရှောင်စခန်း

-

CJ ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်တာ တစ်နှစ်ကျော်ပြီဖြစ်တဲ့ အမှတ် (၃) စစ်ဘေးရှောင်စခန်းမှာ စခန်းလုံခြုံရေးကြောင့် စည်းကမ်းချက် (၆) ချက်ဖြင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်မှာ ထုတ်ပြန်ပြီး အဲ့ဒီစခန်းကို သွားတဲ့ လမ်းမှာ ကပ်ထားတာကို တွေ့ရပါတယ်။

“လုံခြုံရေးကြောင့် ကျနော်တို့ ထုတ်ပြန်လိုက်တာပါ။ စစ်ရှောင်တွေကနေ ပြသနာဖြစ်တာမျိုးတွေတော့ မဟုတ်ပါဘူး။ သွားလာရေးအတွက် ကျနော်တို့ လုပ်တာပေါ့။” လို့ အဲ့ဒီစခန်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အမှတ် (၃) စစ်ရှောင်စခန်းဟာ အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားကြောင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာ စစ်ဘေးရှောင်နေရင်း နေထိုင်ကြတဲ့ စခန်းဖြစ်ပါတယ်။

စည်းကမ်းချက်တွေထဲမှာတော့ ည ၇ နာရီ နောက်ပိုင်း ကား/ဆိုင်ကယ်များ စစ်ဘေးရှောင်အတွင်း အဝင်အထွက်မပြုလုပ်ရန်၊ ကျေးရွာနှင့် စစ်ရှောင်အတွင်း သူတစ်ပါး၏ ခြံဝန်းထဲ ခွင့်ပြုချက်မရရှိဘဲ ဝင်ခွင့်မပြု၊ ဖုန်းလိုင်းအသုံးပြုသည့်နေရာမှာ ည ၆ နာရီထက် နောက်မကျစေရန်၊ တစ်ဦးနှင့်တစ်ဦး နိုင်ထက်စီးနင်းပြုလုပ်ပါက ဒဏ်ငွေ ၅ သောင်းအထိ ပေးဆောင်ရမည့်အပြင် ဝက်သုံးဆုတ်တစ်ကောင် ပေးဆောင်ရမည်၊ စစ်ဘေးရှောင်စခန်းအတွင်း မိဘပြည်သူများ စစ်ရေးစစ်ရာနှင့် ပတ်သက်ဆက်နွယ်တဲ့ အဝတ်အစားမဝတ်ရန်၊ ည ၈ နာရီ နောက်ပိုင်း ဆူညံသံ၊ မီးအိမ်၊ ဓာတ်မီးများ မဆင်မခြင် မထိုးရန် စတဲ့ အချက် (၆) ချက်ကို စခန်းနေ လူထုတွေ သိရှိနိုင်ဖို့ ထုတ်ပြန်ခဲ့တာပါ။

အမှတ် (၃) စစ်ရှောင်စခန်းမှာတော့ အင်တော၊ နတ်တောင်စတဲ့စစ်ရှောင်စခန်းတွေပါဝင်နေပြီး လူဦးရေ တစ်ထောင်ကျော် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ