spot_img
29 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းလောပိတမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံး

လောပိတမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေနစ်ပျောက်ဆုံး

-

ကေးဒူ ( ကန္တာရဝတီတိုင်း(မ်) )

ဒီကနေ့ (မတ်လ (၁၀) ရက်) နေ့လည်ပိုင်းအချိန် လွိုင်ကော်မြို့နယ် လောပိတ ကန်နီကျေးရွာနေ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး ရေကူးရင်း ရေနစ်ပျောက်ဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ မိန်းကလေးဟာ သူငယ်ချင်းနှစ်ယောက်နဲ့ ရေသွားကူးတာဖြစ်ပြီး နေ့လည် ၁ နာရီဝန်းကျင်လောက်မှာ ရေနစ်သွားတာ ဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

” ကျနော် ရောက်ရောက် ချင်းပဲ သူ့သူငယ်ချင်းနှစ်ယောက်က ပြေးလာခေါ်တယ်။ ရေပိတ်ပေးဖို့ လူကြီးတွေကို သွားပြောလို့ သူတို့ကိုပြောပြီး ။ ကျနော် သွားကြည့်တော့ မတွေ့တော့ဘူး။ ရေငုပ်သမားတွေ ရှာတာလည်း မတွေ့တော့ဘူး ” လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

လောပိတ အမှတ် (၁) ရေတံခါးက လွတ်တဲ့ ဘီးလူးချောင်းမှာ ရေနစ်ခဲ့တာဖြစ်ပြီး အဆိုပါ ချောင်းဟာ ၃ နှစ်မှာ တစ်ယောက်တော့ အမြဲလိုလို ရေနစ်သေဆုံးကြတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ