spot_img
19.9 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆို၊စစ်ဘေးရှောင်တွေစိုက်ပျိုးခဲ့တဲ့ ဆောင်းသီးနှံတွေကို စတင်ခူးဆွတ်နေ

ဖရူဆို၊စစ်ဘေးရှောင်တွေစိုက်ပျိုးခဲ့တဲ့ ဆောင်းသီးနှံတွေကို စတင်ခူးဆွတ်နေ

-

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် စစ်ဘေးရှောင်စခန်း ၂ ခုနဲ့ ဒီးမော့ဆိုမြို့နယ် စစ်ဘေးရှောင်စခန်း ၁ ခုမှာ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ ဆောင်းသီးနှံတွေကို စတင် ဆွတ်ခူးနေတာကိုတွေ့ရပါတယ်။

ဆီးဆောခူစစ်ဘေးရှောင်စခန်း၊ နတ်တောင် စစ်ဘေးရှောင်စခန်းနဲ့ အင်တောစစ်ဘေးရှောင်စခန်းက ဝင်ငွေမရှိတဲ့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေး သက်သာချောင်ချိရေး အတွက် ဆောင်းသီးနှံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စိုက်ပျိုးပြီး ယခု မတ်လ ဒုတိယ အပတ်မှာပဲ စတင်ခူးဆွတ်နေပြီဖြစ်ပါတယ်။

“ဒါကတော့ ကျတော်တို့ကို အလုပ်တစ်ခုပေးတာပေါ့၊ ဒီမှာနေတော့ အလုပ်မရှိဘူးလေး၊ လူတွေက ပို မပျင်းအောင် အလုပ်ပေးတဲ့ သဘောပါပဲ”ဟု စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေက တစ်နှစ်ကျော်ကာလအတွင်း ဝင်ငွေရှားပါးမှုပြသနာ ဖြေရှင်းနိုင်ဖို့အတွက် အလှူရှင်တွေရဲ့ အကူညီမှုရယူပြီး ဆောင်းသီးနှံကို စစ်ဘေးရှောင် ၃ ခုကနေ စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ဆောင်းသီးနှံစိုက်ပျိုးထားတဲ့အတွက် အခြေခံစားသောက်ကုန် စျေးနှုန်း မြင့်တက်မှုကြောင့် ကြုံတွေ့နေရတဲ့ အခက်အခဲတချို့ကို များစွာအထောက်အကူပြုတယ်လို့ စစ်ဘေးရှောင် ရပ်မိရပ်ဖ တစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင် ၃ ခုမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ အပြင် တခြားသီးနှံတစ်ချို့ကို လည်းစိုက်ပျိုးထားပါတယ်။

ယခုအခါ ကြက်သွန်ဖြူ စတင်နုတ်ယူသည့် ကာလအတွင်းမှာ လက်ရှိတွေ ပေါက်စျေး တစ်ပိဿာ ၄၀၀၀ ကျပ် အထိ ရှိကြောင်း သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ