spot_img
23.6 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အများပြည်သူသွားလာတဲ့နေရာမှာ လက်နက်ကြီးကျရောက်

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အများပြည်သူသွားလာတဲ့နေရာမှာ လက်နက်ကြီးကျရောက်

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဧပြီလ ၄ရက်နေ့ ည၆နာရီဝန်းကျင်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ အများပြည်သူလူထု သွားလာတဲ့နေရာမှာ လက်နက်ကြီး ၄လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထိခိုက်မှုမရှိခဲ့ပေမယ့် နေအိမ်တချို့ လက်နက်ကြီးစ ထိမှန်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

လမ်းမကြီးတနေရာမှာတော့ မကွဲသေးတဲ့ လက်နက်ကြီးတစ်လုံး ကျန်ရစ်ခဲ့​တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအနောက်ခြမ်း လူထုရှိရာနေရာကို စစ်ကောင်စီက လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို ဒီးမော့ဆိုအခြေစိုက်စစ်ကောင်စီတပ်ရင်းဖြစ်တဲ့ ၁၀၂တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့သလို နေ့လည်၁နာရီအချိန်မှာလည်း တိုက်လေယာဥ်တစ်စီးနဲ့လာရောက်ပစ်ခတ်ခဲ့ပါတယ်။

မတ်လ ၂၄ရက်နေ့မှာလည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီး ၁၀လုံးကျော် ကျရောက်ခဲ့ပြီး အရပ်သားသုံးဦး မစိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့သလို လက်နက်ကြီး ထိမှန်တဲ့နေအိမ်ပျက်စီးတာ၊ စိုက်ခင်းပျက်စီးတာတွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ – CJ

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ