spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းရှမ်းတောင် လွယ်လုံကျေးရွာတိုက်ပွဲမှာ KNDFတပ်ရင်း(၁၁) တပ်စိပ်မှူး ကျဆုံး

ရှမ်းတောင် လွယ်လုံကျေးရွာတိုက်ပွဲမှာ KNDFတပ်ရင်း(၁၁) တပ်စိပ်မှူး ကျဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ မေလ (၂၃)ရက်က ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် နဲ့ ပင်လောင်းမြို့နယ် နယ်စပ် လွယ်လုံကျေးရွာ မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFတပ်ရင်း(၁၁) တပ်စိပ်မှူး ရဲဘော် ဒေါမိနစ် ကျဆုံးခဲ့ရတယ်လို့ တပ်ရင်း(၁၁)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ကျဆုံးခဲ့တဲ့ တပ်စိပ်မှူး ရဲဘော် ဒေါမိနစ် ဈာပနကို ဒီကနေ့ (မေလ ၂၄ရက်) မှာ ပြုလုပ်ပေးခဲ့ပြီး တော်လှန်ရေးမှာ မြင့်မြတ်စွာ အသက်ပေးခဲ့တဲ့အတွက် အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ (၈)ရက်နေ့ တောင်စလုံးကျေးရွာ ထိတွေ့တိုက်ပွဲအတွင်းမှာလည်း KNDFတပ်ရင်း(၁၁) တပ်ရင်းမှူး အန်းဂျလို(လို့) ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး မေလ (၉) ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

ဖယ်ခုံ-ပင်လောင်း နယ်စပ် ထိတွေ့တိုက်ပွဲဟာ ၃လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး ထိတွေ့တိုက်ပွဲတွေအတွင်း နှစ်ဖက်ကျဆုံးမှု ရှိနေတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ