spot_img
16.5 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ဖျားနာမှုအဖြစ်များ၊ ဆေးဝါးနဲ့ ဆေးကုသမှုလိုအပ်နေ

ဒီးမော့ဆို အရှေ့ဘက်ခြမ်း ကျေးရွာတစ်ရွာမှာ ဖျားနာမှုအဖြစ်များ၊ ဆေးဝါးနဲ့ ဆေးကုသမှုလိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ တစ်ရွာမှာ ဖျားနာမှုတွေဖြစ်နေပြီး အိမ်တိုင်းနီးပါး ဖျားနာနေကြတယ်လို့ သိရပါတယ်။

ခန္ဓာကိုယ် တစ်ခုလုံး ညောင်းညာကိုက်ခဲပြီး အော့အန်တာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က စတင်ဖြစ်ပွားတာဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် ကူးစက်တာရှိနေတယ်လို့ သိရပါတယ်။
တချို့‌‌သက်ကြီးပိုင်းကို ဆေးကုသမှုတွေပြုလုပ်ပေးပေမဲ့ မသက်သာဘူးလို့ အဆိုပါကျေးရွာက ‌ဒေသခံတစ်ဦးကပြောပါတယ်။

“မနေ့က လူကြီး တစ်ယောက်ဆို ဆေးထိုးတာ ဆေးရည်မဝင်တော့ဘူ။ သောက်ဆေးပဲ ပေးလိုက်ရတယ်။ နောက်တစ်ယောက်ဆို အရမ်းအားပျက်နေလို့လား ဆေးသောက် ထမင်းစားလည်း ပြန်ပြန် အန်ထွက်တယ်။”လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

အဆိုပါကျေးရွာကို စစ်လာရှောင်ရင်း ကူညီပေးနေတဲ့ ဆေးဆရာမတစ်ဦးက တတ်နိုင်သလောက်ကုသမှုတွေပြုလုပ်ပေးပေမယ့် ဆေးဝါးလုံလောက်မှုမရှိတဲ့အပြင် ဆေးဆရာမကိုယ်တိုင်လည်း ဖျားနာနေတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ပတ်တုန်းက ကျန်းမာရေး အဖွဲ့တွေ လာရောက်ကြည့်ရှုပေးတာတွေ ရှိခဲ့ပေမယ့် နောက်ပိုင်းမှသာ ဖျားနာတာတွေ ပိုမိုများလာတာကြောင့် ကျန်းမာရေး ဆရာ/မတွေရဲ့ အကူအညီကို လိုအပ်နေတယ်လို့ ပြောပါတယ်။

အဆိုပါ ကျေးရွာမှာ အိမ်ခြေ (၂၄)လုံးရှိပြီး စစ်ရှောင်တချို့လာရောက်နေထိုင်တာတွေ ရှိတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ