spot_img
19.5 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူး စစ်ရှောင်တွေထဲ ၅ နှစ်အောက်ကလေးငယ်တွေအတွက် အာဟာရဓာတ် လိုအပ်နေ

ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူး စစ်ရှောင်တွေထဲ ၅ နှစ်အောက်ကလေးငယ်တွေအတွက် အာဟာရဓာတ် လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ရက်နေ့မှာ လေယာဉ်နဲ့ ဗုံးကြဲခံရပြီးနောက် ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါ်နိုးကူး စစ်ဘေးရှောင်ထဲ ၅ နှစ်အောက် ကလေးငယ် ၄၀၀ ကျော်ဟာ အာဟာရလုံလောက်စွာမရရှိတာကြောင့် အာဟာရချို့တဲ့မှာ စိုးရိမ်ရတယ်လို့ ကရင်နီကျန်းမာရေးဌာန ရဲ့ ညွှန်ကြားရေးမှူး နော်ခူဖော ကပြောပါတယ်။

“ကလေး ၅နှစ်အောက်က ၄၀၀ကျော်လောက်ရှိတယ်။ အစထောက်ပံ့တာက ပဲနို့ ပဲပေါ့နော်။ ခုချိန်ထိ ထောက်ပံ့သူတွေမရှိဘူးပေါ့နော်။ IRC တွေက စာရင်းတွေတော့ လာယူပြီးပြီ။ ထောက်ပံ့မယ်ဆိုပြီး ခုချိန်ထိ မထောက်ပံ့သေးဘူးပေါ့နော်။ ထောက်ပံ့အထိဆိုရင် ကလေးတွေအတွက် အာဟာရချို့တဲ့ မှုရှိလာမှာကို စိုးရိမ်ရတယ်။” လို့ နော်ခူဖော က ပြောပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင် ၄၀၀၀ ဝန်းကျင်ရှိနေပြီး ထိုင်းအာဏာပိုင်တွေက ကိုယ်တိုင်ချက်ပြုတ် စားသောက်ခွင့်မပေးသေးတာကြောင့် အလှူရှင်တွေနဲ့ စခန်းနေပြည်သူတွေ စုပေါင်းပြီး ချက်ပြုတ်ပေးကာ ထမင်းထုပ်ပေးဝေပြီး စားသောက်နေရဆဲဖြစ်ပါတယ်။

၁၂ နှစ်အောက်ကလေးငယ်တွေကို နေ့စဉ်အာဟာရ တိုက်ကျွေးတဲ့အနေနဲ့ ပဲနို့တွေပေးဝေတာရှိနေပေမဲ့ နောက်ပိုင်းမှာတော့ ၅ နှစ်အောက်ကလေးတွေကိုသာ ပေးဝေတော့တယ်လို့ စစ်ရှောင်မိခင်တစ်ဦးက ပြောပါတယ်။

“ကျွေးတာကတော့ နွားနို့ နဲ့ မုန့်တို့ ၅နှစ်အောက်တွေကိုတော့ အမြဲကျွေးတယ် ဟိုတစ်ရက်နှစ်ရက်လောက် အထိပဲကျွေးတယ်။ ၁၂နှစ်အောက်တွေကိုတော့ မကျွေးတော့ဘူး စစရောက်ဆိုရင် တစ်ရက်တစ်ခါတော့ကျွေးတယ်။ ဒီတစ်လမှာ ၃၊ ၄ရက်ထဲမှာ ခုချိန်ထိ တစ်ရက်မှ မကျွေးတော့ဘူးပေါ့နော်။” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာ အဆိုပါစစ်ရှောင်တွေကို တရက်လျှင် ထမင်း ၂ နပ်သာ ကျွေးမွေးနိုင်သေးတာကြောင့် တချို့ကလေးငယ်တွေဟာ ဝဝလင်လင်မစားကြရဘူးလို့ စစ်ရှောင်တွေကပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ