spot_img
21.8 C
Loikaw
Monday 16, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ကလေးတွေ ဖျားနာမှုအဖြစ်များ

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စစ်ဘေးရှောင်ကလေးတွေ ဖျားနာမှုအဖြစ်များ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတချို့မှာ ကလေးတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတဲ့အပြင် သောက်သုံးရေ မသန့်တဲ့အတွက် ဖျားနာမှုတွေ အဖြစ်များတယ်လို့ စစ်ဘေးရှောင်အရေး ကူညီသူတွေက ပြောပါတယ်။

“အခုကလေးငယ်တွေက အများအားဖြင့် ဒီစစ်ဘေးရှောင်၊ ဒီမော့ဆို အနောက်ဘက်ခြမ်းတွေ ခုက ကလေးတွေက နှာစေး၊ချောင်းဆိုးတာတွေ ပေါတယ်ပေါ့နော်။ အဲ့ဒီမှာ ကျနော်တို့ ကြည့်လိုက်တော့ ဒီရေတွေ၊သောက်ရေမသန့်လို့။“ လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ ဆေးကုသဖို့ ဆေးတွေ မလုံလောက်တဲ့အပြင် ကလေးတွေဟာ ဆေးမကုသပဲ နေတာတွေ ပိုများတယ်လို့ စစ်ဘေးရှောင်ကူညီသူက ခုလို ပြောပါတယ်။

“ဆေးခန်းတွေတော့ရှိတယ်။ ဒါပေမယ့် ဆေးတွေ မလုံလောက်ဘူးပေါ့နော်။ ဆေးတွေမလုံလောက်တဲ့ခါကျတော့ မကုတာတော့ပိုများတယ်ပေါ့နော်။ အဲ့လိုနေသွားကျတာ ပိုများတယ်လေ။ ကိုယ်ပူပြီး အန်တာတို့ အဲ့လိုတော့ရှိတယ်။ နှာစေးတာတို့ အဲ့လိုမျိုးပေါ့နော်။ ကိုယ်ပူတာတို့ ကလေးငယ်တွေ အဖြစ်များတယ်ပေါ့နော်။ အခု ဒီတစ်လအတွင်းမှာပေါ့နော် ဒီအရင်တစ်လ လဝက် ပြီးတော့ ဒီအခုတော်တော်လေး တော်တော်များများဖြစ်ကြတယ် ကလေးတွေ နှာစေး၊ချောင်းဆိုး တာတွေ ဖြစ်ကြတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့လတွေမှာ ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်အများစုဟာ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုရှိခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ