Homeသတင်းကျေးရွာထဲ လက်နက်ကြီး ကျရောက်ပြီး ကလေးငယ် (၃)ဦး ထိခိုက်ဒဏ်ရာရ

ကျေးရွာထဲ လက်နက်ကြီး ကျရောက်ပြီး ကလေးငယ် (၃)ဦး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ဒီကနေ့ အောက်တိုဘာလ (၂၉) ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက် (၁၅)နှစ်အောက် ကလေးငယ် (၃) ဥိီး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခမရ(၅၃၀) တပ်ကနေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသန်း ပစ်ခတ်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး ထိမှန်ထားတဲ့ ကလေးငယ် (၃)ဦးမှာ အသက် ၃နှစ်အရွယ် နဲ့ အသက် ၁၅နှစ်အရွယ်ယောကျာ်းလေး ၂ ဦး၊အသက် ၈နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

“အထိအခိုက်ကတော့ (၃)ဦးရှိတယ်။ အသက် ၃ နှစ်အရွယ် ကောင်လေးလည်း ပါတယ်။ ၈ နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မနက် ၁၀ နာရီခွဲအချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာထဲကို လက်နက်ကြီး (၇)လုံးခန့် ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ