spot_img
17 C
Loikaw
Monday 26, January 2026
spot_img
HomeKT FMKT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ( ကြာသပတေးနေ့)

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ ၃၀ ရက်နေ့ ( ကြာသပတေးနေ့)

-

KT-FM မြန်မာဘာသာရေဒီယိုအစီအစဉ် ၊ ၂၀၂၃၊ နိုဝင်ဘာလ  ၃၀ ရက်နေ့ ( ကြာသပတေးနေ့)
ဒီကနေ့   မနက်ပိုင်းမှာ KT-FM ကနေ နားဆင်ရမယ့်အစီအစဉ် တွေကတော့
သတင်းတွေထဲက  …..
– ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ ဓါတ်ဆီ တစ်လီတာကို ၇၀၀၀ ထိစျေးတက်၊ အလုအယက်ဝယ်ယူနေကြ
– ဖရူဆို၊ သကြန်းလျား စစ်ဘေးရှောင်စခန်းမှာ ဖျားနာသူများ၊ ဆေးဝါးလုံလောက်မှုမရှိ
– လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းက စစ်ရှောင်လူဦးရေ (၁၄၀၀၀) ဝန်းကျင်အတွက် စောင်နဲ့ အနွေးထည် အရေးပေါ် လိုအပ်
–ပင်လောင်းမြို့နယ်၊ ကုန်းသာကျေးရွာမှာ ကရင်နီစစ်ဘေးရှောင် ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေ ဝမ်းပျက်ဝမ်းလျော အဖြစ်များနေ
–မယ်စဲ့၊ ပန်တိမ်းစခန်းကဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်၊ ၂၀ ဦးသေဆုံး
–လွိုင်ကော်မြို့ရဲ့ သုံးပုံနှစ်ပုံကို တော်လှန်ရေးတပ်ပေါင်းစုက တပ်ဖြန့်ထားနိုင်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ
စတဲ့သတင်းတွေ အပါအဝင် ဒေသတွင်းသတင်းတွေနဲ့
ဆောင်းပါးကဏ္ဍကနေပြီး “မြို့ပြတိုက်ပွဲကြားတင်ခံနေကြသူများ” ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာဖြစ်ပါတယ်။ ဒါအပြင်ကရင်နီဒေသတွင်း သီချင်းတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။

KT-FM  မြန်မာဘာသာအစီအစဉ်ကို ထိုင်းစံတော်ချိန် နေ့စဉ် မနက် ၇ နာရီ မှ ၇ နာရီ ၄၅ မိနစ်အထိ ထိုင်းနယ်စပ်နှင့် အနီးတစ်ဝှိုက်မှာ  FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်း မှာ FM ရေဒီယိုလိုင်း 108 mhz  မှာ  ဖမ်းယူနားဆင်နိုင်ပါတယ်။  Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ