spot_img
32.1 C
Loikaw
Saturday 21, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းပအို၀်းအမျိုးသားကာကွယ်ရေးတပ် - ခမ်းကောင်းက တပ်သားအသစ်တွေ ဖိတ်ခေါ်

ပအို၀်းအမျိုးသားကာကွယ်ရေးတပ် – ခမ်းကောင်းက တပ်သားအသစ်တွေ ဖိတ်ခေါ်

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်တလျောက်မှာ စစ်ရေးလှုပ်ရှားမှုရှိနေတဲ့ ပအိုဝ်း အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ -ခမ်းကောင်(PNDF_KK)ဟာ စစ်အာဏာရှင် စနစ်ကို ဆက်လက်တိုက်ခိုက်ခြေမှုန်းနိုင်ဖို့ အတွက် တပ်သားသစ်တွေကို ပါဝင်လာနိုင်ဖို့ ဖိတ်ခေါ်တယ်လို့ PNDF_KKရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့ အနေနဲ့ က နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန်စွာနဲ့ ကျနော်တို့ ပါဝင်နိုင်ရမယ်။ နောက်ပြီး ကျနော်တို့ လိုအပ်ချက် ၅ ချက်နဲ့ ကိုက်ညီရမယ်။ ကျနော်တို့ ချမှတ်ထားတဲ့ မူဝါဒတွေ ရှေ့လုပ်ငန်းစဥ်တွေ နောက်ပြီးတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ စည်းမျဥ်း စည်းကမ်းတွေကို နောက်တခြား သင်တန်းရဲ့ စည်းမျည်း စည်းကမ်းတွေကော နောက် ကျနော်တို့ ရဲ့ တပ်မှာ ရှိတဲ့ အပင်ပန်း ဆင်းရဲ ဒဏ်ကိုလည်း ခံနိုင်ရမယ်။ ပြီး‌တော့ အဲ့လိုမျိုးအချက်အလက်နဲ့ ပြည့်စုံရင်‌တော့ ကျနော်တို့ခေါ် ယူဖို့ အသင့်ပါပဲ” လို့ PNDF_KKရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

PNDF-KK ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “စစ်အာဏာရှင်စနစ်အပါအဝင် ဘယ် စစ်အာဏာရှင်စနစ်ကို မဆို ချုပ်ငြိမ်းစေပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို တည်ဆောက်မည်” ဆိုတဲ့ ရည်မှန်းချက်ကိုလက်ခံကျင့်သုံး ရမည့်အပြင် စစ်သင်တန်းပြီးမြောက်သည်အထိတက်ရောက်နိုင်သူ၊ နွေဦးတော်လှန်ရေးမှာ ရွံ့ရွံ့ချွန်ချွန်ပါဝင်လိုစိတ်ရှိသူ၊ ချမှတ်ထားသောဖွဲ့စည်းပုံအခြေခံစည်းမျဉ်းနဲ့ စည်းကမ်းချက်တွေကို အထူးလိုက်နာကျင်သုံးနိုင်သူနဲ့ အသက် ၁၈ နှစ်အထက် ရှိသူ ဖြစ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဝင်ရောက်လာမဲ့ တပ်သားအသစ်တွေအတွက် စစ်သင်တန်း ဖွင့်ပေးမှာဖြစ်ပြီး သင်တန်းကာလ တစ်လကြာဖွင့်ပေးဖို့ရှိ တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ