spot_img
27.6 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းစိုက်ပျိုးရေးယခုနှစ်ထွက် ပြောင်းဈေးအဖွင့် ယခင်နှစ်ထက် ဈေးကောင်းရနေ

ယခုနှစ်ထွက် ပြောင်းဈေးအဖွင့် ယခင်နှစ်ထက် ဈေးကောင်းရနေ

-

လင်းသန့်

ယခုနှစ်အတွင်း ထွက်ရှိသော ပြောင်းသီးနှံဈေးနှုန်းများသည် ယမန်နှစ်ကထက် အဖွင့်ဈေးကောင်းမွန်နေကြောင်း သိရသည်။

ယမန်နှစ်က နှံစားပြောင်း(အခြောက်)ဈေးနှုန်းသည် တစ်ပိဿလျှင် ကျပ် ၃၀ဝ ခန့်သာ ဈေးစတင်ဖွင့်ခဲ့သော်လည်း ၃၀ဝ ကျပ် အောက်သို့ ပြန်လည်ထိုးကျသွားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုနှစ်ဈေးအဖွင့်မှာမူ ကျပ် ၅၀ဝ အထိ ဈေးပေးဝယ်ယူနေပြီဖြစ်ကြောင်း ကယားပြည်နယ်ပြောင်းစိုက်ပျိုးထုတ်လုပ်သူများအသင်း၏ ဥက္ကဌ ဦးမြင့်မောင်က အတည်ပြုသည်။

“အရင်နှစ်ထက် ဈေးအဖွင့် နှစ်ဆနီးပါးလောက် ရလာတယ်လို့ ပြောလို့ရတယ်။ တရုတ်လိုင်း၊ အိနိ္ဒယနဲ့ အနောက်နိုင်ငံတွေက ယူဖို့ အခြေအနေရှိနေတယ်။ ဒါပေမယ့် ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်မှာ ချင့်ချိန်ရမယ်။ သီးနှံထွက်တာနဲ့ ပုံပြီးရောင်းကြမှာကိုပဲ စိုးရိမ်ရတယ်။”ဟု ဦးမြင့်မောင်က ပြောသည်။

ယမန်နှစ်က ပြောင်းဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင်း ကယားပြည်နယ်ရှိ ပြောင်းစို်က်တောင်သူအများအပြား ထုတ်လုပ်ကုန်ကျစရိတ်နှင့် မကာမိဘဲ အရှုံးများခဲ့ကြခြင်း ဖြစ်သည်။

ပြည်နယ်ရှိတောင်သူအများအပြားသည် ဈေးကွက်ဝင်သီးနှံများအဖြစ် ပြောင်း၊ မြေပဲနှင့် နှမ်းများကို အဓိက စိုက်ပျိုးကြသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ