spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းကရင်နီပြည်မှာ ရိုက်ကူးထားတဲ့ “Lose and Hope “ရုပ်ရှင်ဇာတ်ကားကို မလေးရှားမှာ ပြသမည်

ကရင်နီပြည်မှာ ရိုက်ကူးထားတဲ့ “Lose and Hope “ရုပ်ရှင်ဇာတ်ကားကို မလေးရှားမှာ ပြသမည်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ ပထမဆုံးအနေနဲ့ ရိုက်ကူးထားတဲ့ တော်လှန်ရေးရုပ်ရှင် “Lose and Hope” ကို မလေးရှားနိုင်ငံမှာ ပြသနိုင်ဖို့ မလေးရှားရောက် ကရင်နီအဖွဲ့အစည်း ကနေဦးဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်မေလ ၁၉ ရက်နေ့မှာ ပြသသွားဖို့ စီစဉ်နေပြီး ဒါဟာ “Lose and Hope” ရုပ်ရှင်ကို ပထမဆုံး ပြသတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ပြပွဲကိုကြည့်ရှုဖို့ အတွက် လက်မှတ်ကြိုတင်ဝယ်ယူရမှာဖြစ်ပြီး လက်မှတ်ဝယ်ယူသူတွေကို မဲဖောက်ပေးမယ့်အစီအစဉ်လည်းပါဝင်တယ်လို့ မလေးရှားရောက် ကရင်နီအဖွဲ့အစည်းဝင် ကိုဂျိုးဇက်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ကျနော်တို့ မဲလက်မှတ်အစောင်ရေ ၅၀၀၀ပေါ့နော် ရုပ်ရှင်လက်မှတ်နဲ့ မဲလက်မှတ်နဲ့ တွဲထားတာပေါ့လေ။ အစောင်ရေ ၅၀၀၀ထုတ်ထားဖို့ ဆုံးဖြတ်ထားတာရှိပါတယ်။”လို့ ကိုဂျိုးဇက်က ဆိုပါတယ်။

ရုပ်ရှင် ဇာတ်ကားကို ကြည့်ရှုဖို့ မဲလက်မှတ်တစ်စောင်ကို မလေးရှား RM 50နှုန်းနဲ့ ရောင်းချမှာဖြစ်ပါတယ်။ မဲလက်မှတ်ဝယ်ယူသူတွေအနေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုရမယ့်အပြင် ကံစမ်းမဲဆုကြေးအစီစဥ်မှာလည်း ပါဝင်ကံစမ်းနိုင်တယ်လို့ ဆိုထားပါတယ်။

အဆိုပါတော်လှန်ရေးရုပ်ရှင်ကို မလေးရှားနိုင်ငံအပြင် အခြားသောနိုင်ငံတွေမှာလည်း ပြသဖို့ရှိတယ်လို့ “lose and hope” ရုပ်ရှင်ရိုက်ကူးသူ ကရင်နီအနုပညာဖန်တီးမှု (KAC) အဖွဲ့ရဲ့တာဝန်ခံ ဂျွန်မီယာက အခုလိုပြောပါတယ်။

“အချိတ်အဆက်ကတော့ ပြည်ပရောက် ကရင်နီတွေအဓိကပေါ့။ ပြီးမှ စိတ်ဝင်စားတဲ့ အခြားပြည်ပရောက်လူတွေ လာချိတ်ကြတယ်။ ခုလောလောဆည် Booking ယူထားတာတော့ မလေးရှား ဂျပန် ကိုးရီးယား အမေရိကန် ကနေဒါ အဲ့လောက်ဘဲ။”လို့ ဂျွန်မီယာကဆိုပါတယ်။

လက်ရှိပြုလုပ်တဲ့ ရုပ်ရှင်ပြသမှုအစီစဥ်ကနေ ရရှိတဲ့ ဝင်ငွေတွေကို ကရင်နီပြည်တော်လှန်ရေးမှာ လိုအပ်တဲ့ စစ်ရေး၊ စစ်ရှောင်အရေး စတဲ့ ကဏ္ဍတွေမှာ ပြန်လည်အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

“Lose And Hope”ဆိုတဲ့ ရုပ်ရုင်ဇာတ်ကားကြီးကို ကရင်နီအနုပညာဖန်တီးမှု (KAC) အဖွဲ့ကနေ ကရင်နီ မြေပြင်စစ်ပွဲတွေကြားမှာ အချိန် (၆)လကြာအောင် အချိန်ယူရိုက်ကူးထားတဲ့ ပထမဆုံးသော ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ