spot_img
26.5 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုမြို့နယ်မှာ လွတ်ကျောင်းထားတဲ့ ဒေသခံတွေရဲ့ နွားပေါက်ငယ်တွေကို တောခွေးတွေ ဖမ်းစားနေဟုဆို

ဖရူဆိုမြို့နယ်မှာ လွတ်ကျောင်းထားတဲ့ ဒေသခံတွေရဲ့ နွားပေါက်ငယ်တွေကို တောခွေးတွေ ဖမ်းစားနေဟုဆို

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာ အုပ်စုအတွင်း မှာ ဒေသခံတွေ လွတ်ကျောင်းစနစ်နဲ့ မွေးမြူထားတဲ့ နွားတွေထဲက နွားပေါက်လေးတွေဟာ တောခွေးနဲ့ ပိုင်ရှင်မဲ့ ခွေးတွေရဲ့ ဖမ်းစားမှုတွေကို ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“နွားပေါက် လေးတွေမရှိတော့ဘူး။ ခွေးတွေ ဖမ်းစားကုန်တယ်။” လို နွားတွေကို လွှတ်ကျောင်းထားတဲ့ ဖရူဆိုဒေသခံတစ်ဦးက ပြောပြပါတယ်။

ဖရူဆိုမြို့နယ်မှာ တိုက်ပွဲ စတင်ဖြစ်ပွားချိန်ကစပြီး ဒေသခံတွေပိုင်တဲ့ ကျွဲ၊ နွားတွေကို လွတ်ကျောင်းစနစ်နဲ့သာ မွေးမြူထားနိုင်တာဖြစ်ပါတယ်။

လက်ရှိမှာတော့ တောခွေးတွေဖမ်းစားခံရတဲ့ ကျွဲ၊ နွားပေါက် ကောင်ရေကိုတော့ အတိအကျ မသိရပေမဲ့ ၁၀ကောင် ထက်မနည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မိုးရာသီကာလမှာ ကျွဲ၊ နွားတွေရဲ့ စားကျက်မြေတွေမှာ တောခွေးနဲ့ ပိုင်ရှင်မဲ့ ခွေးတွေကို အုပ်စုလိုက် တွေ့ရှိလာတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ