spot_img
28.6 C
Loikaw
Monday 26, January 2026
spot_img
Homeသတင်းဖရူဆိုအနောက်ဘက်ခြမ်းက အများပြည်သူသွားလာတဲ့ လမ်းမကြီးမှာ မြေပြိုမှုထပ်ဖြစ်ပွား ၊ သွားလာလို့မရ

ဖရူဆိုအနောက်ဘက်ခြမ်းက အများပြည်သူသွားလာတဲ့ လမ်းမကြီးမှာ မြေပြိုမှုထပ်ဖြစ်ပွား ၊ သွားလာလို့မရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အများပြည်သူသွားလာတဲ့ လမ်းမကြီးမှာ မြေပြိုမှု ဆက်လက်ဖြစ်ပွားနေပြီး သွားလာလို့မရသေးဘူးလို့ သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး လမ်းမကြီးနေရာအနှံ့အပြားမှာ မြေပြိုမှု ၊ ကမ်းပါးပြိုမှုဖြစ်ပွားနေတာပါ။

“ထေခိုအကျော်နားလေးမှာပဲဖြစ်တာ ကေကောဖက်တော့ ဆက်ဖြစ်မယ်ထင်တယ်။ အဲ့ဖက်တော့ မသိသေးဘူး။ အခု ဆိုးဆိုးဝါးဝါးတအားဖြစ်တာက ထေခိုနဲ့ ဒီရာဧပရားအကျော် သဘာဝ တံတား သူတို့ခေါ်တဲ့ တံတားတစ်ခုလည်း မြေပြိုတာရှိတယ်။ လုံဝသွားလာလို့မရသေးဘူး ။ လမ်းပေါ်မှာ မြေကြီးက လူတစ်ရပ်စာလောက်ရှိနေတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရှမ်း-ကရင်နီနယ်စပ်အပါအဝင် ကရင်နီပြည်ရှိ နေရာဒေသ ၆ခုမှာ ရေကြီးပြီး မြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။

မြေပြိုမှု ၊ သစ်ပင်ကျိုးကျမှုတွေကြောင့် စစ်ရှောင်တဲအိမ်ပျက်စီးမှုလည်းရှိနေပြီး အကူအညီလိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ