spot_img
23.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းဒီးမော့ဆို၊ ပဆေးလာကျေးရွာအနီးမှာ ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး အသက် (၇) နှစ်အရွယ် စစ်ဘေးရှောင် ကလေးတစ်ဦး သေဆုံး

ဒီးမော့ဆို၊ ပဆေးလာကျေးရွာအနီးမှာ ဆိုင်ကယ် မတော်တဆမှုဖြစ်ပြီး အသက် (၇) နှစ်အရွယ် စစ်ဘေးရှောင် ကလေးတစ်ဦး သေဆုံး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ်အတွင်းမှာရှိတဲ့ ပဆေးလာကျေးရွာအနီးမှာ ယမန့်နေ့ စက်တင်ဘာလ ၂၄ ရက်နေ့ ၊ နေ့လည် ၁ နာရီအချိန်မှာ ဆိုင်ကယ် နှစ်စီး မတော်တဆ တိုက်မိရာကနေ ကလေးငယ် (၇) နှစ် အရွယ် စစ်ဘေးရှောင်တစ်ဦး သေဆုံးသွားပါတယ်။

“ကလေးကို ဆေးခန်းထိ သွားပို့တာပဲ။ ဆေးခန်းရောက်အောင်တော့ ပို့ပေမယ့် ခေါင်းထိ ၊ ဦးနှောက်ပါထိသွားတော့ မရတော့တာပေါ့။” လို့ ကလေးငယ်နဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဖြစ်စဉ်မှာ မုန့်သွားဝယ်ဖို့ ကလေးစီး ဆိုင်ကယ် ကို မောင်းလာကြတဲ့ ကလေးနှစ်ဦးဟာ လမ်းအကူးမှာ လူငယ် ၂ဦးစီးနင်းလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းမှာလည်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး စီးနင်းလာတဲ့ ဆိုင်ကယ် နဲ့ ကားတစ်စီး မတော်တဆ တိုက်မှု ဖြစ်ပွားရာကနေ အဆိုပါ အမျိုးသမီးဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

ဒီးမော့ဆိုမြိုနယ် ပဆေးလာ ကျေးရွာ အနီးတဝိုက်မှာ ယာဉ်မတော်တဆမှု မကြာခနဖြစ်ပွားလေ့ရှိပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ သုံးလအတွင်း ယာဥ်မတော်တဆတိုက်မှုကြောင့် စစ်ဘေးရှောင် (၃) ဦး အထိ သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ