spot_img
16.3 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းLoikaw Local PDF ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာ

Loikaw Local PDF ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်လာ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) မှာ Loikaw Local PDF တပ်ဖွဲ့ဆီကို စစ်ကောင်စီတပ်သားတစ်ဦးက လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ဒီကနေ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) က အသိပေးထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ Loikaw Local PDF ထံ အလင်းဝင်လာတဲ့ စစ်‌ကောင်စီတပ်သား ၁၀ ဦးဝန်းကျင်ရှိတယ်လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“လှုပ်ရှားနေတဲ့ တော်လှန်ရေးတစ်လျှောက်မှာ Loikaw Local PDF ဆီကိုအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားအနေနဲ့က ၁၀ယောက်ဝန်းကျင်ရှိမယ်။ ဝင်လာတဲ့ ရည်ရွယ်ချက်အများစုက တူပေမဲ့ ဝင်လာပုံခြင်းကြ မတူဘူးပေါ့။ ဥပမာ တချို့က လက်နက်ပါလာတယ်။ ကျည်တွေပါလာတယ်။ တချို့က လူပဲ လာတယ် အဲ့လိုမျိုးရှိတယ်။”လို့ Loikaw Local PDF ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဆိုပါတပ်သားဟာ ကိုယ်ပိုင်အမှတ် ပစ – ……… ကိုင်ဆောင်ထားသူ မောင်အေးချမ်းအောင် ဖြစ်ပြီး MA -11 သေနတ် တစ်လက် ၊ ကျည်ဘောက် ၃ဘောက်၊ ကျည်ဆံ ၂၄၇တောင့် ၊ လက်ပစ်ဗုံး ၁လုံး ၊ ၁၄မိုင်း ၁လုံး တို့ပါ ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တပ်သား သစ်စုဆောင်းရေးမှာ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း ခံရသူဖြစ်ပြီး စစ်ကောင်စီနဲ့ မပူးပေါင်းလိုတာကြောင့် အလင်းဝင်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ တပ်သားတွေအနေနဲ့ ပူးပေါင်းခိုလှုံလာပါက စီစစ်ပြီး လက်ခံ ကြိုဆိုနေကြောင်း Loikaw Local PDF က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ