spot_img
19.6 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းဆီးဘူးပလော့ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာမှာ ဖျားနာတဲ့ စစ်ရှောင်တွေများ၊ ဆေးဝါးကုသမှုတွေ လိုအပ်

ဆီးဘူးပလော့ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာမှာ ဖျားနာတဲ့ စစ်ရှောင်တွေများ၊ ဆေးဝါးကုသမှုတွေ လိုအပ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီး‌မော့ဆိုမြို့နယ်အတွင်းမှာရှိတဲ့ ဆီးဘူးပလော့ကျေးရွာက စစ်ရှောင်စခန်းတစ်နေရာမှာ ဖျားနာတဲ့ စစ်ဘေးရှောင်တွေ များပြားနေပြီး ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကျေးရွာအတွင်းက စစ်ရှောင်စခန်းတွေမှာ ‌ဆေးပေးခန်းတွေ မရှိတာကြောင့် ဆေးဝါးကုသမှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဖျားတာကလေ ကျောင်းက ကလေးတွေလည်း အယောက်၂၀ လောက်ဖျားကြတာရှိတယ်။ လူကြီးတွေ ဖျားနာနေကြတာမျိုးလည်းရှိပါတယ်။ ရွာအတွင်းမှာက ဆေးခန်းလည်းမရှိဘူးလေ အဲ့ကြောင့် အခုထိ ဆေးဝါးကုသမှု လာလုပ်ပေးတာတော့မရှိသေးဘူးပေါ့နော်။ ဆေးကုသဖို့တော့ လိုနေတယ်ပေါ့ခုက။”လို့ စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦးက ဆိုပါတယ်။

ကျောင်းနေအရွယ် ကလေးတွေအများစု ဖျားနာကြတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့ ထွန်းမြန်မာဒိုနေးရှင်းအဖွဲ့ဝင် ကိုဖိုးဇော်က အခုလိုပြောပါတယ်။

“ဖျားတာတစ်ပတ်ရှိပါပြီ။ ဘာရောဂါမှန်းတော့မသိပေမဲ့ ချမ်းရင်တစ်အားချမ်းတယ်။ ပူရင် လည်း အဝတ်အစားမဝတ်နိုင်အောင်ပူတယ်၊ အဲ့လိုပြောကြတာပေါ့နော် ။ အထူးသဖြင့် ကလေးငယ်တော်တော်များများ တစ်ပတ်ထိ ဝမ်းမသွားနိုင်ကြတာလည်း ရှိတယ်။ ဆေးကုသပေးနိုင်မယ့် အဖွဲ့တွေ တကယ်လိုအပ်နေတယ်ပေါ့နော်။”လို့ ကိုဖိုးဇော်က ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ စာသင်ကျောင်း Grade-1 ကနေ Grade-5 အထိဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း ၄၂ဦးရှိပါတယ်။
ဖျားနာမှုတွေကြောင့် ကျောင်းမလာနိုင်တဲ့ ကလေးတွေများလာတယ်လို့လည်း ကျောင်းဆရာမတစ်ဦးကပြောပါတယ်။

“ကျောင်းကတော့ အပြီး ပိတ်ပေးလိုက်တာမျိုး‌တော့ မလုပ်သေးဘူးပေါ့နော်။ ဘာလို့လဲဆို တချို့ကလေးတွေကအလည်မက်တော့ စာမေးပွဲလည်း ရောက်တော့မယ်ဆိုတော့ နောက်ကစာတွေပဲ ပြန်လေ့ကျင့်ခိုင်းထားတယ်ပေါ့နော်။ ဆရာ/မတွေလည်း ဖျားတဲ့လူရှိတော့ ရှိတဲ့လူနဲ့ တတ်နိုင်သလောက် လုပ်ပေးတာမျိုးရှိတယ်“ လို့ သူကဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၄၀ ဝန်းကျင် ရှိပြီး လူဦးရေ ၂၀၀ ကျော်ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ