spot_img
19.5 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ ဝေပေးတာ နောက်ကျတာကြောင့် စစ်ဘေးရှောင်တွေ အခက်ကြုံနေရ

ထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ ဝေပေးတာ နောက်ကျတာကြောင့် စစ်ဘေးရှောင်တွေ အခက်ကြုံနေရ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း- ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာတွေ ထုတ်ပေးတာ နောက်ကျတာကြောင့် စစ်ရှောင်တွေ အခက် ကြုံနေရတယ်လို့ သိရပါတယ်။

“စားနပ်ရိက္ခာခါကျတော့ ကျနော်တို့ ဒီ နောက်ပိုင်း ဒီ ၂၀၂၄ နောက်ပိုင်းမှာ ဆန်က အမြဲတမ်းလိုလို နောက်ကျပြီးလာတော့၊ ရောက်လာတဲ့ ပမာဏကလောက်တယ် ဆိုပေမယ့် လဲ နောက်ကျပြီးရောက်လာတော့ လူထူတွေ ခဏခဏ စောင့်စိုင်းနေခိုင်းရတာပေါ့ အဲ့တခုတော့အခက်အခဲဖြစ်တယ်။” လို့ ဒေါနိုးကူး စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူးကပြောပါတယ်။

အခုလို နောက်ကျပြီး ရိက္ခာ ရရှိတာကြောင့် မိသားစုဝင်များတဲ့ အိမ်ထောင်စုတွေမှာ ပိုပြီးအခက်အခက်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းအတွက် လစဉ် ဆန်နဲ့ ကုလားပဲ ကိုသာ အဓိကထုတ်ဝေပေးတယ်လို့ဆိုပါတယ်။
ယခင်ကတော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး၊ နဲ့ ငါးခြောက်တွေပါ ထုတ်ပေးပေမယ့် နောက်ပိုင်းမှာမရတော့ဘူးလို့ ဆိုပါတယ်။

အဆိုပါစစ်ရှောင်စခန်းဟာ ထိုင်းကရင်နီ နယ်စပ်မှာ ရှိနေတာကြောင့် ဝင်ငွေရတဲ့ အလုပ်ကိုင်အခွင့်အလှမ်းတွေမရှိသလို မြေနေရာအနေအထားတွေကြောင့် စိုက်ပျိုးလုပ်ကိုင်ဖို့ အဆင်မပြေဘူးလို့သိရပါတယ်။

“အရင်က တစ်ခါခါဆို ဟင်းချိုမုန့်ထုတ်ပေးတယ်။ မာမီး(ခေါက်ဆွဲခြောက်) တွေ ၊ ငါးသေတ္တာတွေ အခုက မထုတ်ပေးတာကြာပြီးပေါ့နော်။ မထုတ်တာ တစ်လနှစ်လတောင် တော်ကြာပြီးပေါ့နော် ဒီတစ်လလဲ ငရုပ်သီးမထုတ်ဘူး ကျမတို့ ဝယ်စားရတာပေါ့နော်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ လူဦးရေ ၂၇၀၀ ကျော်ရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကို ခံခဲ့ရတဲ့ စစ်ရှောင်စခန်းဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ