spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းတော်လှန်ရေးကာလတစ်လျှောက် ပြည်သူလူထုပေါ် ခြိမ်းခြောက်ငွေကောက်ခံမှု မရှိဘူးလို့ Loikaw Local PDF ဆို

တော်လှန်ရေးကာလတစ်လျှောက် ပြည်သူလူထုပေါ် ခြိမ်းခြောက်ငွေကောက်ခံမှု မရှိဘူးလို့ Loikaw Local PDF ဆို

-

ကန္တာရဝတီတိုင်း(မ်)

Loikaw Local PDF ရဲ့ Logo ကို အသုံးပြုပြီး ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေကောက်ခံတဲ့ ထုတ်ပြန်ချက်တစောင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကစပြီး လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး Loikaw Local PDF အဖွဲ့က ပြည်သူလူထုအပေါ် ခြမ်းခြောက်ငွေ ကောက်ခံမှု မရှိကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပြန်လည် ရှင်းလင်းထုတ်ပြန်ထားပါတယ်။

အခုလို Page အတုတွေကို အသုံးပြုပြီး ပြည်သူလူထုတွေကို ခြိမ်းခြောက်တာတွေ ၊ ငွေကောက်ခံတွေရှိနေတဲ့ အတွက် ပြည်သူတွေအနေနဲ့ သေချာ စိစစ်ကြဖို့နဲ့ လိုအပ်ပါက Telegram ၊ Signal ကနေ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်းကို Loikaw Local PDFရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“လူထုအနေနဲ့ကတော့ သေချာလေး စဉ်းစားပြီးတော့မှ အတုလား အစစ်လားဆိုတာ စုံစမ်းစေချင်တယ်။ ပြီးတော့ အတည်ပြုစေချင်တယ်။ မဟုတ်မမှန်တဲ့ဟာနဲ့ ပြည်သူတွေ အတွက် အကျိုးမယုတ်စေချင်ဘူး။ ကျနော်တို့က ပြည်သူ့ကို ရပ်တည်ထားတဲ့ ပြည်သူ့ရဲဘော်တွေ ဖြစ်တယ်။ ပြည်သူ့အကျိုးကို ထိခိုက်စေမယ့်ဟာတွေ ကျနော်တို့ ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘူး။ တကယ်လို့ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ အသေးစိတ် ထပ်သိချင်တယ်ဆိုရင် ကျနော်တို့ page သော်လည်းကောင်း ကျနော်တို့မှာ Telegram တွေ Signal တွေ ချထားပေးပါတယ်။ ကျနော်တို့ကို တိုက်ရိုက်လာပြီး ပြောလို့ ရပါတယ်။ ဒီတပ်ဖွဲ့က ဒီလိုကောက်ခံတာတွေ ရှိလားမရှိ လားဆိုတာပေါ့။ ကျနော်တို့ လုံးဝမပြုလုပ်ပါဘူးဆိုတာကို လူထုတွေကို ပြောပြချင်ပါတယ်။ လူထုတွေ အနေနဲ့လည်း ဆက်လက်ပြီးတော့ တော်လှန်ရေးမှာ ရပ်တည်ပြီးတော့ တောင့်ခံပေးပါလို့ ထပ်မံပြောကြားလိုပါတယ်။” လို့ Loikaw Local PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာ ရန်ပုံငွေ ပေးဆောင်ရမယ့်သူ အမည် ၊ ရပ်ကွက်အမည် ကို လိပ်မူပြီး ခြိမ်းခြောက်ငွေ တောင်းခံနေတာဖြစ်ပါတယ်။ တပ်ဖွဲ့ရဲ့စစ်ရေး ၊ အုပ်ချုပ်ရေးအတွက် ရန်ပုံငွေ ၄ သိန်းကျပ်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီထက်နောက်မကျဘဲ ထည့်ဝင်ပေးဖို့နဲ့ ထည့်ဝင်ပေးခြင်းမရှိပါက လုံခြုံရေးအရ အဆောက်အဦး ၊ အကျိုးစီးပွားကို တာဝန်မယူဘူးလို့ ပါရှိတာပါ။ ဒီထုတ်ပြန်ချက် အကြောင်းကြားစာကို မပေါက်ကြားဖို့နဲ့ ထည့်သွင်းရမယ့် အကောင့်ကို Viber ကနေတဆင့် တောင်းယူဖို့လည်း ပြောဆိုထားပါတယ်။

အခုလို Loikaw Local PDF ရဲ့ Logo ကို အသုံးပြုပြီး ပြည်သူတွေကို ခြိမ်းခြောက်ရတဲ့ အကြောင်းအရင်း တစ်စုံတစ်ရာကိုတော့ မသိရသေးဘဲ ဆက်လက်စုံစမ်း‌နေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လူထုတွေအပေါ် ခြိမ်းခြောက်စာ ၊ အခွန် ၊ ပြေစာနဲ့ ကောက်ခံတဲ့ ရန်ပုံငွေကို ယနေ့ထိ ကောက်ခံခြင်းမရှိသလို ထုတ်ပြန်ချက်အတုက Loikaw Local PDF နဲ့ မသက်ဆိုင်ကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ