spot_img
29.4 C
Loikaw
Tuesday 27, January 2026
spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းမှာ ဝက်ပေါက်ဈေး အရင်နှစ်ထက် ဈေးပိုတက်လာ

ဒီးမော့ဆိုအနောက်ခြမ်းမှာ ဝက်ပေါက်ဈေး အရင်နှစ်ထက် ဈေးပိုတက်လာ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အိမ်မွေးဝက်တွေ ရှားပါးလာတာကြောင့် ဝက်မွေးမြူဖို့အတွက် ဝက်ပေါက်တွေ ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆနီးပါး ဈေးပိုတက်လာတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

” ဝက်ကလေးဝယ်တော့ ဈေးများတယ်။ တစ်ကောင်က သုံးသိန်းကျော်။ နောက် အနည်းဆုံး နို့စခွဲတုန်းက၂၅၀၀၀၀ ၊၂၆၀၀၀၀ ဝယ်ရတယ်”လို့ လိုပူစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ဝက်ကလေးတစ်ကောင်ကို နှစ်သိန်းကျပ်သာ ပေးဝယ်ရပေမယ့် ယခုနှစ်မှာတော့ သုံးသိန်းခွဲကျပ်အထိ ဈေးတက်လာပါတယ်။

ဝက်ပေါက်တွေကို ရွာထဲမှာ ရှာဝယ်လို့မရတော့တာကြောင့် တခြားကျေးရွာကနေ လာရောင်းတဲ့ဝက်ကို ဝယ်ယူပြီး မွေးမြူကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ကုန်ဈေးတအားတက်လို့ ဝက်လည်းဈေးတက်တာဖြစ်မှာပေါ့နော။ ဒီထိ သူများလိုက်ရောင်းတာပဲ ဝယ်ရတယ်လေး လိုက်လည်းရှာမဝယ်နိုင်ဘူးကော။ သူများတွေလိုက်ရောင်းတာပဲ ရှာဝယ်ရတယ်”လို့ လိုပူစစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဝက်တွေ ဖျားနာသေဆုံးမှုတွေရှိခဲ့တာကြောင့် ဝက်ရှားပါးလာပြီး အသား၊ ငါး ၊ ဝက်သားစျေးမှာ ဈေးပိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။ ယခင်နှစ်က ဝက်သား ၁ပိဿာကို နှစ်သောင်းကျပ်ရှိရာမှ ယခုနှစ်မှာတော့ သုံးသောင်းခွဲကျပ်အထိ ပေးဝယ်ရတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဒေသခံတွေဟာ အိမ်မှာမွေးမြူကြတဲ့ ကြက် ၊ ဝက်တွေကို သာရေး ၊ နာရေး နဲ့ အိမ်စားဖို့အတွက်သာ အဓိက မွေးမြူကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ