spot_img
18.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံး၊ ကရင်နီက ၃ဦး ပါဝင်ဟုဆို

စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် တစ်လအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံး၊ ကရင်နီက ၃ဦး ပါဝင်ဟုဆို

-

ကန္တာရဝတီတိုင်း ( မ် )

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း အမျိုးသမီး သေဆုံးသူ ၇၁ ရှိပြီး ကရင်နီပြည်က ၃ဦး ပါဝင်တယ်လို့ ဒီကနေ့ မေလ ၇ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ၇၁ ဦးအနက် စစ်ကောင်စီရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ( ၅၉ ) ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ( ၇ ) ဦး နဲ့ သတ်ဖြတ်မှုကြောင့် ( ၅ ) ဦး တို့ ဖြစ်ပြီးအသက် ( ၁၈ ) နှစ်အောက် ၁၃ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၅၀ ဦးရှိပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ( ၄ဝ ) ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၅)ဦး၊ မြေမြှုပ်မိုင်းကြောင့် (၄)ဦး နဲ့ အာရက္ခတပ်ဖွဲ့ဝင်မှ အဓမ္မပြုကျင့်ခြင်းကြောင့် (၁) ဦး တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်ဝှမ်း သေဆုံးခဲ့တဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်နီပြည်နယ်တို့ ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ အမျိုးသမီး သေဆုံးမှု အများဆုံး ရှိခဲ့ပါတယ်။

လူထုတွေဟာ သဘာဝဘေးအန္တရာယ်အပြင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ယခင်လတွေထက် ပိုများလာတာကို တွေ့ရတယ်လို့ BWU က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ