spot_img
19.8 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းမြင်းမထိတောင်အရေးလုပ်ရှားသူ ပရာဒေါင်းဆွေမျိုးစု နာယက ကွယ်လွန်

မြင်းမထိတောင်အရေးလုပ်ရှားသူ ပရာဒေါင်းဆွေမျိုးစု နာယက ကွယ်လွန်

-

ကန္တာရဝတီတိုင်း (မ်)

မြင်းမထိတောင်အရေးမှာ ဦးဆောင်လှုပ်ရှားရင်း ဖမ်းဆီးခဲ့ခံရတဲ့ ပရာဒေါင်းဆွေမျိုးစု နာယက ဖြစ်သူ ဦးအားဒိုဟာ ဒီကနေ့ ဇွန်လ ၄ ရက်နေ့မှာ ဆီးဘူးပြည်သူ့ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“အစကတော့ ဦးအားဒိုက ဆီးချိုရောဂါခံရှိပေမဲ့ ဆေးသောက်နေတော့ အဆင်ပြေတယ်။ ဖမ်းသွားပြီးညလဲ တစ်ညလုံးမိုးမိတယ်။ ပြီး…သောက်နေကျ ဆေးနဲ့လဲ ပြတ်တယ်။ အဲ့ကနေပြန်လာတာနဲ့ သုံးလေးရက်ပဲ။ ဆေးရုံတက်ရတယ်။ အဲ့ဒါနဲ့ပဲဆုံးတယ်” လို့ ဦးအားဒိုရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဦးအားဒိုက ဆီးချိုရောဂါဝေဒနာခံစားရသူဖြစ်ပြီး ဖမ်းဆီးခံရစဥ်အတွင်း ဆေးပြတ်ခဲ့တယ်လို့ဆိုပါတယ်။ ပြန်လည်လွှတ်မြောက်လာပြီးနောက် အသက်ရှူကြပ်ပြီး မောပန်းလာတာကြောင့် ဆီးဘူးပြည်သူ့ဆေးရုံကို မေလ ၂၆ ရက်နေ့မှာ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

လေးပွင့်ကြယ်ကုပ္မဏီက မြင်းမထိသတ္တုတူးဖော်ရေးဆန့်ကျင်လုပ်ရှားမှုကြောင့် တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး ဦးအားဒိုနဲ့အတူ သိကျိတ်ကျေးရွာအုပ်စုထဲက ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်သုံးဦးကို ပြီးခဲ့မေလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာပါ။

ဦးအားဒိုက ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာအုပ်စု လေးဒူခေါင်ကျေးရွာ ဇာတိဖြစ်ပြီး အသက် ၅၄ နှစ်ရှိပါပြီ။ မြင်းမထိဒေသအတွင်းရှိ ပရာဒေါင်းဆွေမျိုးစု နာယက အနေနဲ့လည်း သေဆုံးတဲ့နေ့အထိ တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ