spot_img
17.9 C
Loikaw
Thursday 19, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်တွင်း တစ်နေရာ ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲနဲ့ လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

ကရင်နီပြည်တွင်း တစ်နေရာ ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲနဲ့ လူငယ်တွေ့ဆုံပွဲ အခမ်းအနားပြုလုပ်

-

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ (၁၀) ရက်နေ့က အဖွဲ့အစည်း (၄)ခုကနေ ပူးပေါင်းပြီး အပတ်စဥ်(၆) အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ နဲ့ လူငယ်များတွေ့ဆုံပွဲ အခမ်းအနားကို ကရင်နီပြည်တွင်း တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီ နိုင်ငံရေး အကျဉ်းသားများအစည်းအရုံး(KPPA)၊ လူငယ်ရေးရာဌာန IEC (DOYA) ၊ The Present Team၊ ကရင်နီသူနာပြူ အစည်းအရုံး (KNA) စတဲ့ အဖွဲ့က ပူးပေါင်း ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ သင်တန်းကာလ တစ်လ သာသင်ကြားပြီးတဲ့ နောက်မှာတော့ သင်တန်းသူ/သား (၃၀) ဦးကို သင်တန်းပြီးဆုံးကြောင်း လက်မှတ် ပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ပညာရေးတွေ ဆက်လက်သင်ယူဖို့ခက်ခဲနေတဲ့ တော်လှန်ရေးကာလ မှာလူငယ်တွေအတွက် အသက်မွေး၀မ်းကျောင်းအတွက်ပဲဖြစ်ဖြစ် စွမ်းရည် မြင့်တင်တာပဲဖြစ်ဖြစ် သင်တန်းကိုအခမဲ့ ပေးရခြင်းပဲဖြစ်ပါတယ်။”လို့ သင်တန်းမှာ သင်ကြားပေးသူ ဆရာတစ်ဦးက ပြောပါတယ်။

တစ်ဆက်ထဲမှာပဲ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့်အတူ လူငယ်တွေ့ဆုံပွဲကိုလည်း ပြုလုပ်သွားခဲ့ပြီး ပြုလုပ်ရတဲ့ အကြောင်းအရင်းကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

‌”လူငယ်တွေ့ဆုံပွဲမှာက မြေပြင်မှာ လူထုအတွက်လုပ်ဆောင်နေတဲ့ လူငယ်အဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လူငယ်အခန်း ကဏ္ဍတွေမှာ ဘယ်လိုတွေ ပူးပေါင်းဆောင်ရွက်ကြမလဲ၊ ဘယ်အရာတွေမှာ အားနည်းနေသေးလဲ၊ ဘယ်လိုအဖြေရှာကြမလဲဆိုတဲ့ အချက်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။” လို့ အဆိုပါသင်တန်းဆရာ ကပြောပါတယ်။

အခမ်းအနားကို ကရင်နီနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံး(KPPA)၊ ကရင်နီပြည်ကြားကာလစီမံ အုပ်ချုပ်ရေး ကောင်စီ လူငယ်ရေးရာဌာနIEC (DOYA)၊ ကရင်နီသူနာပြုအစည်းအရုံး (KNA)၊ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ၊ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF)၊ ကယားလီဖုလူငယ်များ၊ ကလလတလူငယ်များ၊ KNWO၊ The Present Team တို့မှ တာဝန်ရှိသူတို့အသီးသီးတက်ရောက်ပြီး ဂုဏ်ပြုမိတ်ဆက် အားပေးစကား ပြောကြားခဲ့ကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ