spot_img
20.5 C
Loikaw
Friday 3, October 2025
spot_img
Homeမာလ်တီမီဒီယာအန္တရာယ်ကြားက နွေစပါး ရိတ်သိမ်းနေတဲ့ မိုးဗြဲစစ်ဘေးရှောင် တောင်သူအမျိုးသမီးတစ်ဦး

အန္တရာယ်ကြားက နွေစပါး ရိတ်သိမ်းနေတဲ့ မိုးဗြဲစစ်ဘေးရှောင် တောင်သူအမျိုးသမီးတစ်ဦး

-

ကန္တာရဝတီတိုင်း ( မ်)

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့က ဒေသခံတောင်သူတွေဟာ စားဝတ်နေရေးအတွက် အဓိက လယ်ယာနဲ့တောင်ယာစပါးကို စိုက်ပျိုးကြပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် မြို့လုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရသလို လက်ရှိ မြို့တွင်းမှာလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အချိန်မှာလည်း လက်နက်ကြီးပစ်ခတ်မှုရှိနေပြီး လယ်ယာခင်းတွေထဲမှာလည်း ကျရောက်ပေါက်ကွဲမှုရှိနေတာကြောင့် တောင်သူတွေဟာ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရပြန်ပါတယ်။

ယခုဇွန်လမှာတော့ စစ်ဘေးရှောင်ရင်း ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ နွေစပါးကို ရိတ်သိမ်းနေကြပါတယ်။ ရိတ်သိမ်းတဲ့အခါ စက်ကြီးတွေနဲ့ ရိတ်သိမ်းတာဖြစ်လို့ စက်သုံးဆီဈေးမြှင့်တက်တာ၊ ပြတ်လပ်တာတွေကိုလည်း တောင်သူတွေက ရင်ဆိုင်နေရပါတယ်။

လုံခြုံရေးအန္တရာယ်စိုးရိမ်ရတာတွေ၊ စက်သုံးဆီပြတ်လပ်တာတွေမးအပြင် စပါးဝယ်သူမရှိတာတွေကို ကြုံတွေ့နေရတယ်လို့ ဒေသခံတောင်သူ အမျိုးသမီးတစ်ဦးက အခု လို ပြောပြထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ