spot_img
17.3 C
Loikaw
Saturday 28, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲ လွိုင်ကော် မိန်းလမ်းမကြီးတလျောက်ကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထား

မိုးဗြဲ လွိုင်ကော် မိန်းလမ်းမကြီးတလျောက်ကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထား

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း- ကရင်နီပြည်နယ်စပ်က တိုက်ပွဲ ပြင်းထန်နေတဲ့ မိုးဗြဲ နဲ့ လွိုင်ကော် လမ်းမကြီး တစ်လျှောက်လုံးကို စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားနိုင်ခဲ့ပြီ လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မိုးဗြဲ ၊ လွိုင်ကော် ဆက်သွယ်ထားတဲ့ လမ်းမကြီးကို ဇူလိုင်လ ၁၀ရက်နေ့မှာ ရရှိသွားပြီဖြစ်တယ်လို့ ရှေ့တန်း စစ်ရေး သတင်း အရင်းအမြစ်တစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“လမ်းမကြီး တစ်လျှောက်လုံးကတော့ ကျနော်တို့ မထိန်းချုပ်ထားနိုင်တော့ဘူး” လို့ အဆိုပါ ရှေ့တန်း သတင်းအရင်းအမြစ် ဆိုပါတယ်။

စစ်ကောင်စီတပ်တွေက မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ၂၀၂၄ နိဝင်ဘာလအတွင်း အပြင်းအထန် ထိုးစစ်ဆင်လာပြီး ဇူလှိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာတော့ မိုးဗြဲမြို့ကို အလုံးစုံ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ တာ ဖြစ်ပါတယ်။

ဖယ်ခုံ၊ မိုးဗြဲနှင့် လွှိုင်ကော် ကားလမ်းမကြီးတစ်လျှောက် စစ်ကောင်စီမှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် အထူးသတိပြုကြဖို့ကိုလည်း ကယန်းအမျိုးသားတပ်မတော်(KNA) က ပြီးခဲ့တဲ့ ယမန်နေ့ ဇူလှိုင်လ (၁၀) ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ