spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဒီးမော့ဆိုကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းကစစ်ရှောင် အိမ်ခြေ ၁၀၀ ကျော်အတွက် အရေးပေါ် အမိုးအကာများ လိုအပ်နေ

ဒီးမော့ဆိုကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဖယ်ခုံအင်း အရှေ့ဘက်ကမ်းကစစ်ရှောင် အိမ်ခြေ ၁၀၀ ကျော်အတွက် အရေးပေါ် အမိုးအကာများ လိုအပ်နေ

-

ကန္တာဝတီတိုင်း(မ်)

ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံအင်း အရှေ့ဘက် ကမ်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေထဲမှာမှ ခန့်မှန်းချေ အိမ်ခြေ (၁၀၀) ဝန်းကျင်ဟာ ဒီးမော့ဆို မြို့နယ်ကို စစ်ရှောင်လာပြီး အရေးပေါ် အမိုးအကာတွေ ၊ အိမ်သာခွက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ဖယ်ခုံအင်း အရှေ့ဘက်ကမ်း စစ်ရှောင်တွေဟာ ဒီ (၃) ရက် အတွင်းမှာပဲ အိမ်ခြေ (၁၀၀) ဝန်းကျင်လောက် ရောက်ရှိလာကြတာ ဖြစ်တယ်လို့ ကျေးရွာ အုပ်စု ဒီးမော့ဆို မြို့နယ်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

“အခုက လိုအပ်ချက် အမိုးအကာတွေ ၊ အိမ်သာခွက်တွေ တော်တော်လေး လိုအပ်နေတယ်။အရေးကြီးဆုံးက အ့တာတွေပဲ။ စားနပ် ရိက္ခာကတော့ လောလောဆယ် (၁) ပတ်စာလောက်တော့ ရသေးတယ်။ နောက်ပိုင်းကျရင်တော့ မပြောတတ်ဘူးပေါ်နော်။ သူတို့အတွက်လည်း အခက်အခဲ ဖြစ်နေလိမ့်မယ်။” လို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

စစ်ရှောင်လာတဲ့ လူဦးရေ စားရင်းတိကျကိုတော့ ကောက်ယူနိုင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလှိုင်လ (၁) ရက်နေ့ ညနေပိုင်းမှာပဲ မိုးဗြဲမြို့ကို ပြန်လည် ထိန်းချုပ် ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဖယ်ခုံအင်း အရှေဘက်ကမ်းမှာလည်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ထိုးစစ်ဟာလည်း ဆောင်နန်းခဲ ကျေးရွာကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဒေသခံတွေ ဟာ အခုလို ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇူလှိုင်လ (၁၀)ရက်နေ့ ညနေပိုင်းမှာတော့ မိုးဗြဲ – လွိုင်ကော် လမ်းမကြီးတစ်လျှောက်ကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်တာကြောင့် ဖယ်ခုံအင်း အရှေ့ဘက် ဒေသခံတွေ တချို့ဟာ ပိတ်မိနေတာတွေရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ