spot_img
20.1 C
Loikaw
Friday 3, October 2025
spot_img
Homeသတင်းစပါးပျိုးပင်တွေအောင်မြင်မှုနည်းပါးတာကြောင် ဖရူဆို နဲ့ ဒီးမော့ဆိုက လယ်သမားတချို့ အခက်ခဲဖြစ်

စပါးပျိုးပင်တွေအောင်မြင်မှုနည်းပါးတာကြောင် ဖရူဆို နဲ့ ဒီးမော့ဆိုက လယ်သမားတချို့ အခက်ခဲဖြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို၊ ဖရူဆိုအစပ်မှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးပျိုးပင်းတွေဟာ မျှော်မှန်းသလောက် အောင်မြင်မှုနည်းပါးတာကြောင့် ပျိုးပင်လိုအပ်မှုတွေရှိနေပြီး လယ်သမားတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို မျိုးစပါးဖော်စပ်သူ ကိုဂျေနရီက ပြောပါတယ်။

“ပိုပိုလိုလို ကြဲထားတယ်၊ ပေါက်နှုန်းကျတော့ ဘယ်လိုလည်း မသိဘူး၊ မလောက်ဘူးလေး၊ တစ်ပုံး (သို့မဟုတ်) တစ်ပုံးကျော်အထိ ပိုကြဲထားတယ်၊ ဒါပေမယ့် ပျိုးမလောက်ဘူးဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

စပါးအတွက် မျိုးကောင်း၊ မျိုးသန့် ရွေးချယ်ထားပေမယ့် ယခုလို ပျိုးပင်တွေအောင်မြင်မှု နည်းတာနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ရာသီဥတုကြောင့်လား၊ ပိုးကြောင့်လားတော့မသိဘူး၊ ပိုးကြောင့် ဖြစ်မယ်လိုတော့ သုံးသပ်တယ်”လို့ သူက ဆက်ပြောပါတယ်။

ယခုလို ပျိုးစပါး အောင်မြင်မှုနည်းပါးတာဟာ ဒီးမော့ဆို၊ ဖရူဆိုအစပ်က လယ်သမားတွေ ကြုံတွေ့နေကြတာဖြစ်ပြီး ယခုလိုဖြစ်တာ နှစ်နှစ်ရှိနေပြီလို့ ဆိုပါတယ်။

ဒီးမော့ဆို၊ ဖရူဆိုအစပ်မှာ ရှိတဲ့ လယ်စပါးစိုက်ခင်းတွေကို နွေ၊ မိုး နှစ်သီးစားအဖြစ် စိုက်ပျိုးကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ