spot_img
24.6 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်အတွင်းမှာ ပစ္စည်းခိုးယူသူများ ရှိနေ

ဒီးမော့ဆို၊ ဒေါငံခါးရပ်ကွက်အတွင်းမှာ ပစ္စည်းခိုးယူသူများ ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့ အခြေစိုက် စစ်ကောင်စီတပ်က ငွေတောင်ဆည် အနီးတဝိုက်စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေပြီး လက်နက်ကြီးတွေ ပစ်ခတ်လာတာကြောင့် ငွေတောင်ဆည်နဲ့ အနီးစပ်ဆုံးရှိနေတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ယခုလို တိမ်းရှောင်နေရချိန်မှာပဲ ဒေါငံခါးရပ်ကွက်ထဲ ပစ္စည်းဝင်ရောက် ခိုးယူနေသူတွေလဲ ရှိနေတယ်လို့ ပစ္စည်းပျောက်ဆုံးသွားတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ထားတာက စပါးကျီထဲမှာထားတယ်။ ဒုန်း..ဒုန်း (လက်နက်ကြီးသံ) သံကြားတာနဲ့ စစ်ရှောင်ဖက် ပြေးတယ်။ နောက်တော့ ပစ္စည်းပြန်လာယူဖို့ ပြန်လာတာ ဘားမှမရှိတော့တာ။” လို့ အဆိုပါ ဒေသခံအမျိုးသမီးက ပစ္စည်းပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်ကို ပြောပြပါတယ်။

ဆိုလာပြား၊ ဘက်ထရီ၊ ‌စိုက်ပျိုး‌ရေးသုံး ဆေးဖြန်းပုံးတွေအပြင် ပျဉ်တချို့ကိုပါ ခွာယူသွားတယ်လို့ သူမက ဆက်ပြောပါတယ်။ အခုလို တဖန် ပြန်လည်တိမ်းရှောင်သွားရတာကြောင့် ပျောက်ဆုံးပစ္စည်းတွေကို ပြန်ဝယ်ယူနိုင်ဖို့ ငွေကြေးအခက်အခဲ ရှိတယ်လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

“စိတ်ပင်ပန်းတယ် မောတယ်။ စိတ်ညစ်တယ် ပြောရမယ်ပေါ့။ တခါခါ ဆိုလဲ စိတ်တိုတယ်ပေါ့နော်။ကိုယ်တွေလဲ ပြန်ရှာဝယ်လဲ မဝယ်နိုင်တော့ဘူးလေ။ အဲ့ပစ္စည်တွေတောင် သိမ်းထားတယ်ဆိုပြီး ပြန်သွားယူတာ မတွေ့တော့ စိတ်မကောင်းဘူးပြောရမာပေါ့နော်။” လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆို အခြေစိုက် တပ်ရင်းတွေဟာ ဩဂုတ်လ (၄) ရက်နေ့ ညနေပိုင်းလောက်က စတင်ပြီး ငွေတောင်ဆည်အနီးနားဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်နေပြီး လက်နက်ကြီးတွေပစ်ခတ်တာနဲ့ ညပိုင်းမှာ ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၀၂ နဲ့ ခမရ ၄၂၇ စတဲ့ တပ်ရင်းတွေ ရှိပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ