spot_img
13.3 C
Loikaw
Saturday 3, January 2026
spot_img
Homeသတင်းအခက်အခဲကြားက ရိုးရာ ဒီးကူပွဲ (ခ)အဲဒိုပေါ်မီ ကို အကျဉ်းချုံးကျင်းပ

အခက်အခဲကြားက ရိုးရာ ဒီးကူပွဲ (ခ)အဲဒိုပေါ်မီ ကို အကျဉ်းချုံးကျင်းပ

-

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ ဩဂုဏ်လ (၅)ရက်နေ့ မှာ ကရင်နီပြည် တစ်နေရာမှာ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲ ကို ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက အခက်အခဲတွေကြားက အကျဥ်းချုံးပြုလုပ်ခဲ့ပါတယ်။

အာဏာမသိမ်းခင်ကာလတွေမှာတော့ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို ကရင်နီလူမျိုးတွေက ကျေးရွာအလိုက်ဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ ကျင်းပလေ့ရှိတာပါ။

ရပ်ဆွေရပ်မျိုးတွေကို ဖိတ်ခေါ်ကာ ဧည့်ခံကျွေးမွေးလေ့ရှိပြီး ပွဲတော်ရက်ကို ၃ ရက်ကနေ ၅ရက်အထိ ပြုလုပ်လေ့ရှိပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ကျေးရွာအများစုဟာ ပွဲတော်ကို အကျဉ်းချုံးသာ ပြုလုပ်နိုင်ကြပြီး တတ်နိုင်သလောက် ပွဲတော်ရက်ကို အကျဉ်းချုံးပြုလုပ်ကြတာပါ။

အခုလို ကိုယ့်ရိုးရာကို အခက်ခဲကြားက ဖြစ်မြောက်အောင် လုပ်ပေးတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“တော်တော် ကွာခြားသွားတယ်ပေါ့။ အရင်ကဆို ဒီလို နိုင်ငံရေးအခြေနေ မဖြစ်သေးခင်က မီးကျည် တို့ ရှို့တယ်။ ပြိုင်ကြတယ်။ နိုင်ငံရေးအခြေနေအဲ့လို ဖြစ်သွားတော့ မီးကျည်လဲ ပေးမရှို့တော့ဘူး။ အများကြီးကွာခြားတယ်ပေါ့။ အရင်ကဆို မီးကျည်ကို ရပ်ကွက်လိုက်ဖြစ်ဖြစ် တစ်အိမ်တက် တစ်အိမ်ဆင်းပဲဖြစ်ဖြစ် ပြိုင်ဆိုင်ကြတယ်။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခု ကျင်းပ‌တဲ့ ပွဲတော်မှာတော့ ဒီးကူ (ခေါ်) ကောက်ညှင်းထုပ် ကျွေးတာ ရိုးရာခေါင်ရည်နဲ့ ဧည့်ခံတာအပြင် နတ်ပူဇော်မှုတွေ၊ ဗုံမောင်းနဲ့ ကခုန်တာတွေကို ပြုလုပ်ကြပါတယ်။

အဲ့ဒိုပေါ်မီ( ခေါ် ) ဒီးကူပွဲကို နှစ်စဉ် ဩဂုတ်လကနေ စတင်ပြုလုပ်ကြပြီး အောက်တိုဘာလအထိ ကျေးရွာအလိုက် ကျင်းပပြုလုပ်ကြတာ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ