spot_img
21 C
Loikaw
Wednesday 18, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ စစ်ရှောင်တွေစိုက်ပျိုးထာတဲ့ ပြောင်းခင်းတွေကို ကြွက်ဖျက်ဆီး

ဒီးမော့ဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်း တစ်ခုမှာ စစ်ရှောင်တွေစိုက်ပျိုးထာတဲ့ ပြောင်းခင်းတွေကို ကြွက်ဖျက်ဆီး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ စစ်ရှောင်တွေ စိုက်ပျိုးထားကြတဲ့ ‌ပြောင်းခင်း ဧကပေါင်း (၃၀၀)ကျော်ဟာ ကြွက်တွေဖျက်ဆီးမှုခံနေရတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

“ည ရှစ်နာရီကနေ ဆယ်နာရီထိ ညညဆို သူတို့လာကိုက်တယ်။ ပြောင်းဖူးဆို အသီးသီးတဲ့ အချိန် စားလို့ရတဲ့ အချိန်ဆို သူတို့ လာကိုက်ပြီ။ တစ်လုံး လုံးစားတယ်။ အပေါ်ကနေ တဖြည်းဖြည်းအောက်ကို စားသွားတယ်။” လို့ ပြောင်းစိုက်တဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

အခုလို ကြွက်တွေ ဖျက်ဆီးနေတာကြောင့် စစ်ရှောင်တွေက ညဖက်တွေမှာ လေးခွ၊ လေသေနတ်တွေနဲ့ စောင့်ပြီးကြွက်နှိမ်နင်းရေးတွေ လုပ်ရတယ်လို့ ဆိုပါတယ်။ စစ်ရှောင်တောင်သူတွေကတော့ ကြွက်ရန်ကာကွယ်နည်းတွေနဲ့ပတ်သက်တဲ့ အသိပညာပေးသင်တန်းတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

“အခက်‌ခဲတော့ အများကြီးဖြစ်တယ်ပေါ့နော်။ ကျနော်တို့ လဲ တပိုင်တနိုင် အဆင်ပြေအောင်တတ်နိုင် လောက်တော့ ကျနော်တို့ လုပ်စားနေတယ်ပေါ့။ တောင်ယာဆိုလဲ မရှိရှိတဲ့‌‌ငွေလေးနဲ့ပေါ့။ ဒီနှစ်ဆိုရင် ကျနော် အကြွေးယူပြီးလုပ်တာပေါ့နော်” လို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စစ်‌ရှောင်ရပ်ကွက်ပေါင်း (၂၂)ရပ်ကွက်ရှိပြီး လူဦး‌ရေ (၃၆၀၀)ဝန်းကျင် ရှိပါတယ်။ စစ်ရှောင်တွေဟာ ပြောင်း၊ စပါး၊ မွေးမြူရေး အလုပ်ကိုလုပ်ကိုင်ကြသလို တချို့ကလည်းနေ့စား အလုပ်ကို အဓိကလုပ်ကိုင်ပြီး အသက်မွှေးဝမ်း‌ကြောင်းပြုကြတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ