spot_imgspot_imgspot_imgspot_img
Wednesday, October 1, 2025
spot_imgspot_imgspot_imgspot_img
Homeကန္တာရဝတီတိုင်း(မ်)အင်တာဗျူးစစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဘောလခဲနဲ့ လွိုင်ကော် ဒေသခံ တချို့ရဲ့ စကားသံများ

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဘောလခဲနဲ့ လွိုင်ကော် ဒေသခံ တချို့ရဲ့ စကားသံများ

-

ကန္တာရဝတီတိုင်း (မ်)

လာမယ့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ မှာ ရွေးကောက်ပွဲ အပိုင်း ( ၁ ) ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က ကြေငြာထားတဲ့ မြို့နယ်အနက် ကရင်နီပြည်က လွိုင်ကော်မြို့နယ် နဲ့ ဘောလခဲမြို့နယ် ပါဝင်ပါတယ်။

အဲ့ဒီမြို့နယ်က ဒေသခံအများစုကတော့ မြို့တွင်းမှာ နေထိုင်လို့မရတာကြောင့် နီးစပ်ရာမြို့နယ်တွေမှာ သွားရောက်ခိုလှုံနေထိုင်ရပါတယ်။ ကရင်နီပြည်က ဘောလခဲ၊ လွိုင်ကော် ဒေသခံတချို့ရဲ့ ရွေးကောက်ပွဲ အပေါ် ပြောဆိုချက်စကားသံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဘောလခဲ ဒေသခံအမျိုးသားတစ်ဦး

“ကျနော်တို့ဘောလခဲမြို့မှာ ရွေးကောက်ပွဲ ပြန်လုပ်မယ်ဆိုပြီးတော့ စကစ (စစ်ကောင်စီ) တွေ လိုင်းပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲ့ဒါ ကျနော့်ရဲ့ အမြင်မှာကတော့ ဒါလုံးဝမတရားဘူး။ စကစတွေရဲ့ လုပ်ရပ်က အမြဲတမ်း မတရားတာတွေပဲ ဆိုတော့လေ။ ဒီလုပ်ရပ်ကိုလဲ ကျနော်မထောက်ခံပါဘူး။ ကျနော်က အမှန်တရားကို လိုချင်လို့လဲ ဒီလို ဆင်းရဲဒုက္ခခံပြီး လာစစ်ရှောင်နေကြရတာပေါ့။ အဲ့ကြောင့်မို့ ဒီမတရားမှုကို ကျနော်တို့ တွန်းလှန်နေတယ်။ ကျနော်တို့ တွန်းလှန်နေတဲ့ လူတွေကလဲ သူတို့ကို နိုင်တော့မယ်လို့ သိတဲ့အချိန်မှာ ဒီနည်းကိုသုံးတာလို့လဲ ကျနော်ထင်မြင်တယ်။ အဲ့အတွက် ဒီရွေးကောက်ပွဲဟာ ကျနော်တို့ ပြည်သူဆန္ဒတွေ မပါပဲ သူတို့ စကစတွေဖက်ကပဲ လုပ်တယ်လို့ ကျနော်ထင်တယ်။ ဒီရွေးကောက်ပွဲဟာ အကျုံးမဝင်ပါဘူး။ ပြည်သူတွေရဲ့ သဘောဆန္ဒတွေ တစ်ဦးတစ်ယောက် မှမပါပဲ သူတို့က လုပ်တဲ့အတွက် ကျနော်တို့အတွက်လဲ အဆင်မပြေပါဘူး”

ဘောလခဲ ‌ဒေသခံအမျိုးသမီးတစ်ဦး

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒါက စစ်ကောင်စီဖက်က လုပ်ကွက် တစ်ခုပဲပေါ့နော်။ ဒါက မှန်ပါတယ်ဆိုတာ ပြချင်ရုံသက်သက်ပဲ မြင်တယ်။ သူတို့ဖက်က တရားမျှတမှုရှိတယ် ဆိုတာကို လုပ်ပြချင်တာပေါ့နော်။ ပြီးတော့ ဒီလိုတရားမျှတစွာနဲ့ သူတို့အဖွဲ့အစည်းက ဒီလွှတ်တော်မှာ အုပ်ချုပ်ရေးမှာ နေရာယူတာပါဆိုပြီးတော့ အကြောင်းပြအုံးမယ်ပေါ့။ တကယ်တမ်း မျှတမှုရှိရဲ့လားတွေးကြည့်တော့ ဒီဘောလခဲမှာ ဘယ်သူတွေများ ကျန်ရှိနေအုံးမလဲပေါ့။ တော်တော်များများက စစ်ဘေးတိမ်းရှောင် နေကြရတယ်လေးနော်။ သူတို့တွေ ဘယ်လို မဲပေးလို့ ရမလဲပေါ့။ ဒါက လုပ်ကွက်တစ်ခုပဲပေါ့။ နိုင်ငံရေးကို တရားဝင်ပုံစံနဲ့ အကွက်ရွေ့ကစားနေတယ်လို့ မြင်တယ်။ ကျမအနေနဲ့ဆို ဒီ‌ရွေးကောက်ပွဲက လုံးဝတရားမျှတမှု မရှိဘူးလို့ မြင်ပါတယ်”

ဘောလခဲ ‌ဒေသခံအမျိုးသားတစ်ဦး

“စစ်တပ်ကလုပ်တဲ့ ‌ရွေးကောက်ပွဲက ခေတ်အဆက်ဆက်ပဲ တရားမျှတမှုနဲ့ လွတ်လပ်မှုတွေမရှိခဲ့ဘူးပေါ့။ အခု ဘောလခဲမြို့မှာလဲ သူလုပ်မယ့် ‌ရွေးကောက်ပွဲကလဲ လွတ်လပ်ပြီးတရားမျှတမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ပြီးတော့ ဘောလခဲ မြို့ပေါ်မှာ ရှိတဲ့ လူတွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့် တွေကိုလဲ သူချုပ်ချယ်ပြီးတော့ အတင်းအကြပ် မဲထည့်ခိုင်းမဲ့သဘောမျိုး သက်‌ရောက်တယ်ပေါ့။ အဲ့လိုအနေအထားနဲ့ ဆိုရင် ဘယ်လိုမှလက်ခံနိုင်စရာ မရှိဘူး။ ‌ရွေးကောက်ပွဲဟာလဲ ပြည်သူ့ဆန္ဒနဲ့ အညီ မဟုတ်တဲ့‌ရွေးကောက်ပွဲပဲပေါ့ အဲ့လိုပဲ မှတ်ယူပါတယ်”

ဘောလခဲ ဒေသခံအမျိုးသားတစ်ဦး

“ဘောလခဲမှာက ရှင်းရှင်းပြောရင်လူထုက မရှိတော့ဘူးလေ။ ရာဂဏန်းလောက်တောင် မကျန်တော့ ဘူး။ လူထုစစ်စစ်ပေါ့နော်။ ကျန်တာကတော့ သူတို့ စစ်တပ်အတိုင်းအဝိုင်းတွေရှိမယ်။ စစ်သားတွေ ရှိမယ်။ စစ်မှုထမ်းဟောင်းတွေရှိမယ်ပေါ့။ အဲ့တာတွေပဲကျန်တာ။ သူတို့ဘောလခဲမှာလုပ်မယ့် ‌ရွေးကောက်ပွဲလည်း ဘယ်လိုဖြစ်ဖြစ် နာမည်ပဲပေါ့။ ရွေးကောက်ပွဲလုပ်တယ်။ သူတို့ အတုယောင်‌ရွေးကောက်ပွဲတစ်ခုပါပဲ။ ဒါနိုင်ငံတကာကိုလိမ်ဖို့ သူတို့ရွေးကောက်ပွဲ လုပ်နိုင်တာကိုလိမ်ဖို့ တခုပါပဲ။ အစစ်အမှန်ရွေးကောက်ပွဲတော့ မဖြစ်နိုင်ဘူးလေနော်။ လူထုဆို လဲ ပုံမှန်ဆိုတော့ လူဦး‌ရေ ၆ထောင်လောက်ရှိတယ်လေနော်။ ဘောလခဲ မြို့နယ်တစ်ခုလုံးဆို အခုက ဘောလခဲမြို့နယ်မှာ လူဦးရေက ရာဂဏန်းသာသာ ပဲ ရှိတယ်လေနော်။ အဲ့ဒါ ဘယ်လိုမှ လုပ်လို့မရနိုင်ဘူးလေ ရွေးကောက်ပွဲဆိုတာ အလိမ်အညာတစ်ခုပဲပေါ့”

လွိုင်ကော် ဒေသခံအမျိုးသားတစ်ဦး

” အမှန်တိုင်းပြောရရင် လွိုင်ကော်မှာ ရွေးကောက်ပွဲလုပ်တာ သဘောမကျဘူး။ လုံးဝသဘောမကျဘူး။ ဘာဖြစ်လို့လဲဆို ပြည်သူတွေက မရှိဘူးလေ ကိုယ်စီကိုယ်စီထွက်သွားကြတယ်။ ဒါပေမဲ့ သူတို့တွေက ပြည်သူတွေကို လိုက်ပြီးဗုံးတွေကြဲတယ်။ လက်နက်ကြီးတွေထုတယ်။ နေလို့မရအောင် သူတို့လုပ်နေတာ။ ပြည်သူတွေက နေစရာမရှိ ကြောက်လန့်တော့ ပြန်ဝင်ကြတယ်လေ။ ပြန်ဝင်ကြတော့ အခုဆို ပြန်ဝင်တဲ့ သူအကုန်လုံးက သူတို့က အဆင်သင့် မဲနာမည်ပါပြီးသား။ လာတဲ့သူဆို နာမည်စရင်းတွေကောက်တယ်။ မိသားစု လူဦးရေတွေသူတို့ ကောက်တယ်။ ဓာတ်ပုံမှတ်တမ်းတွေ ယူပြီးတော့ တခါတည်း မဲအတွက် သူတို့ စွယ်ထားပြီးသား။ အဲ့လိုဖြစ်နေတာ။ ဒါပြည်သူတွေရဲ့ ဆန္ဒမပါဘူး။ အမှန်တိုင်းပြောရင်ပြည်သူတွေက သူတို့ကို မကြိုက်လို့ ဆန့်ကျင်လို့ ထွက်သွားခဲ့တာ ဒါပေမဲ့ သူတို့ တွေက သူတို့ဖက်ပါအောင် အမျိုးမျိုး လုပ်ဆောင်နေတာ။”

spot_img
spot_img

လူဖတ်အများဆုံး သတင်းများ