spot_img
26.2 C
Loikaw
Wednesday 8, October 2025
spot_img
Homeသတင်းတောင်ကြီးတက္ကသိုလ်မှာ ကျောင်းအပ်နှံထားတဲ့ ကရင်နီက အဝေးသင်ကျောင်းသားတွေ လွိုင်ကော်မှာ တက်ရောက်ဖြေဆိုရမည်

တောင်ကြီးတက္ကသိုလ်မှာ ကျောင်းအပ်နှံထားတဲ့ ကရင်နီက အဝေးသင်ကျောင်းသားတွေ လွိုင်ကော်မှာ တက်ရောက်ဖြေဆိုရမည်

-

ကန္တာရဝတီတိုင်း (မ်)

အဝေးသင် တက္ကသိုလ်အတွက် ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်မှာ ‌ကျောင်းအပ်နှံထားတဲ့ ကရင်နီပြည်က ကျောင်းသား၊ကျောင်းသူတွေ ၂၀၂၅ ပညာသင်နှစ် အတွက် အနီးကပ်သင်တန်းနဲ့ စာမေးပွဲ ကို လွိုင်ကော်တက္ကသိုလ်မှာ တက်ရောက်ဖြေဆိုရမယ်လို့ စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့မှာ မြန်မာ့အလင်းသတင်းစာကနေ စစ်ကော်မရှင်က ကြေညာထားတာပါ။ လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး ပြည်နယ်ပြင်ပရောက် ကျောင်းသားကျောင်းသူတွေကို ပြည်နယ်အတွင်း စာမေးပွဲဖြေဖို့ ညွှန်ကြားထားပါတယ်။

အခုလို ညွှန်ကြားမှုအပေါ် လွိုင်ကော်မြို့ခံတစ်ဦးက “ရှမ်းတောင်မှာ အလုပ်လုပ်ပြီး ကျောင်းတက်နေတဲ့သူတွေ၊ အခြေချနေတဲ့သူတွေအတွက်ကျ ခက်ခဲသွားနိုင်တယ်။”လို့ ပြောပါတယ်။

၂၀၂၅ ပညာသင်နှစ်အတွက် အဝေးသင်ကျောင်းသား ဒုတိယအသုတ်နဲ့ တတိယအသုတ်တို့ကို အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး လွိုင်ကော်တက္ကသိုလ်မှာ ပြန်လည်သင်ကြားပေးတော့မှာပါ။

အဝေးသင် ဒုတိယသုတ် အနီးကပ်သင်တန်းက အောက်တိုဘာ ၁၃ ရက်နေ့ကနေ ၂၂ ရက်နေ့၊ စာမေးပွဲကာလကတော့ အောက်တိုဘာ ၂၄ရက်နေ့ ကနေ ၃၀ ရက်နေ့အထိ ဖြစ်တယ်လို့ voice of Myanmar က ဖော်ပြထားပါတယ်။

အဝေးသင် တတိယသုတ် အနီးကပ်သင်တန်းက နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့၊ စာမေးပွဲ ကာလက နိုဝင်ဘာ ၁၃ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ဖြစ်ပါတယ်။

လွိုင်ကော်တက္ကသိုလ်က ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့သလို ကျောင်းပိတ်ထားခဲ့ရတာပါ။ စစ်ဆင်ရေးပြီးတဲ့နောက် ၂ နှစ်အတွင်း စစ်ကော်မရှင်က ပြန်လည်ပြုပြင်ပြီးနောက် အခုလို ကျောင်းဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ