spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် တနှစ်အတွင်း လူထုနေအိမ်ပေါင်း ၄၈၀ ပျက်စီးခဲ့

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် တနှစ်အတွင်း လူထုနေအိမ်ပေါင်း ၄၈၀ ပျက်စီးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်း လူထုနေအိမ်ပေါင်း ၄၈၀ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။

ထိခိုက်ပျက်စီးမှုတွေထဲမှာ လူထုနေအိမ်တွေအပြင် အခြားသော ဘာသာရေးအဆောက်အဦးတွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ခန်းမဆောင်၊ ယာဥ်၊ လယ်ယာ၊ အိမ်မွေးတိရိစ္ဆာန် နဲ့ အများပြည်သူသုံး ဆက်သွယ်ရေးလမ်းတံတားတွေလည်း ထိခိုက်ပျက်စီးခဲ့တာ ရှိပါတယ်။

စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေထဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ မြေမြုပ်မိုင်း၊ မတရားဖမ်းဆီးတာ အပြင် လူထုနေအိမ် မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ KnHRG က ပြောပါတယ်။

၂၀၂၅ ခုနှစ် တနှစ်အတွင်း စစ်ကော်မရှင်ရဲ့ တိုက်ခိုက်မှုတွေထဲမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဟာ အများဆုံးဖြစ်တယ်လို့ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ KnHRG က ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကော်မရှင်ရဲ့ နည်းမျိုးစုံ လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုတွေ ပြန်လည်ရရှိနိုင်ဖို့ လုံခြုံပြီး အကာအကွယ်‌ပေးနိုင်တဲ့ တိုင်ကြားမှု၊ ဖြေရှင်းမှု ယန္တရား တစ်ရပ် တည်ဆောက်ပေးနိုင်ဖို့ကိုလည်း ဒေသတွင်း အုပ်ချုပ်စီမံသူနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေကို KnHRG က တောင်းဆိုထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ