spot_img
Homeမာလ်တီမီဒီယာနယ်မြေစိုးမိုးမှု အားပြိုင်မှုနှင့် ရွေးကောက်ပွဲ၏ တရားဝင်မှု (Talk show အစီအစဉ် - ပထမပိုင်း)

နယ်မြေစိုးမိုးမှု အားပြိုင်မှုနှင့် ရွေးကောက်ပွဲ၏ တရားဝင်မှု (Talk show အစီအစဉ် – ပထမပိုင်း)

-

စစ်ကော်မရှင်က မြို့နယ်အလိုက် ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ ဟိတ်ဟန်ထုတ် ကြွေးကြော်နေပေမဲ့ တကယ်တမ်း မြေပြင်မှာတော့ မြို့ပေါ်ရပ်ကွက် အနည်းငယ်မှာပဲ လူစုလူဝေး လုပ်ပြနိုင်တဲ့ ‘ဝါဒဖြန့်မှု’ အဆင့်မှာပဲ ရှိနေတာကို သတင်းမီဒီယာတွေရဲ့ မှန်ဘီလူးကနေ မြင်တွေ့ခဲ့ရပါတယ်။

နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ မဲရုံတွေ တိုက်ခိုက်ခံရမှာကို လူထုက ထိတ်လန့်နေချိန်မှာ ‘လုံခြုံရေး အပြည့်အဝ ပေးနိုင်တယ်’ ဆိုတဲ့ စစ်ကော်မရှင်ရဲ့ စကားဟာ မြေပြင်က သတင်းထောက်တွေ ပေးပို့ တဲ့ အချက်အလက်တွေနဲ့ ဘယ်လောက်အထိ တခြားစီ ဖြစ်နေသလဲဆိုတာက အင်မတန် မေးခွန်းထုတ်စရာပါ။

ဒါကြောင့် ဒီဆွေးနွေးပွဲရဲ့ ပထမပိုင်းအနေနဲ့ ရခိုင်၊ ချင်း၊ ကရင်နီ၊ မွန်နဲ့ တနင်္သာရီ ဒေသတွေက သတင်းအယ်ဒီတာ တွေကို ဖိတ်ခေါ်ပြီး သူတို့ဆီကရတဲ့ မြေပြင်သတင်းတွေအရ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ နယ်မြေ စိုးမိုးမှုထက် ဝါဒဖြန့်မှုဘက်ကို ဘယ်လိုရောက်နေသလဲဆိုတာ ပထမပိုင်း အနေနဲ့ တင်ဆက်ပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ