spot_img
15.4 C
Loikaw
Wednesday 11, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဖရူဆိုမှာ စစ်ဘေးရှောင်တွေ လိုက်ပါစီးနင်းတဲ့ကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ

ဖရူဆိုမှာ စစ်ဘေးရှောင်တွေ လိုက်ပါစီးနင်းတဲ့ကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းက ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်တွေ လိုက်ပါစီးနင်းတဲ့ကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတယ်လို့ သိရပါတယ်။

လိုက်ပါစီးနင်းသူ ၁၀ ဦးရှိပြီး ၂ ဦး ထိခိုက်ဒဏ်ရာကြီးမားကာ ကျန်သူတွေကတော့ အနည်းငယ်စီ ဒဏ်ရာရရှိကြတယ်လို့ လိုက်ပါစီးနင်းသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ကျမဆို တင်းပါး၊ ဒူး၊ ခြေကောက်ဝတ် ထိသွားတယ်။ တခြားသူက လက်တွေ နည်းနည်းစီ ဒဏ်ရာရကြတယ်။ ကျန်တဲ့သူတချို့က ဘာမှ မဖြစ်ဘူး။ လူနာတော့ ထိခိုက်ထားတာပေါ့နော်။ လမ်းက အကောင်းပဲ တောင်စောင်းပေါ် မောင်းတက်လိုက်တာဆိုတော့ ဖြစ်သွားတာ။”လို့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အဆိုပါ လိုက်ပါစီးနင်းသူတွေဟာ စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး ဆေးရုံ၊ ဆေးခန်းမရှိတဲ့အတွက် ဆေးခန်းသွားရောက်ပြသပြီး အပြန်လမ်းမှာပဲ မတော်တဆ ကားတိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ