နယ်မြေစိုးမိုးမှု အားပြိုင်မှုနှင့် ရွေးကောက်ပွဲ၏ တရားဝင်မှု (Talk show အစီအစဉ်)
အစီအစဉ်ရဲ့ နောက်ဆုံးအပိုင်းမှာတော့ ရင်ဆိုင်ရတော့မယ့် လက်တွေ့ကျတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးမှာပါ။
အခုဆိုရင် ဒေသအတော်များများမှာ IEC၊ ULA၊ Chinland Council စတဲ့ ကြားကာလအုပ်ချုပ်ရေး ယန္တရား တွေက အခိုင်အမာ ရှိနေပါပြီ။ တကယ်လို့ ရွေးကောက်ပွဲပြီးလို့ စစ်ကောင်စီခန့်တဲ့ အရာရှိတွေ မြေပြင်ကို ဆင်းလာရင် ဒီအုပ်ချုပ်ရေးယန္တရားနှစ်ခု ထိပ်တိုက်တွေ့မှုက ဘယ်လောက်အထိ သွေးထွက်သံယို ဖြစ်လာ နိုင်မလဲဆိုတာ မြေပြင်သတင်းတွေအရ ဘယ်လိုသုံးသပ်မိပါသလဲ….
နောက်ပြီး ဒီရွေးကောက်ပွဲဟာ သတင်းလွတ်လပ်ခွင့်အပေါ် ဘယ်လိုရိုက်ခတ်လာမလဲ? စစ်ကော်မရှင်ဘက်က ထုတ်ပြန်လာမယ့် ရွေးကောက်ပွဲရလဒ်တွေကိုရော သတင်းဌာနတွေအနေနဲ့ သတင်းစံနှုန်းအရ ဘယ်လိုမျိုး ကိုင်တွယ် တင်ဆက်သွားဖို့ ရှိပါသလဲ… ဆိုတာကိုပါ ပေါင်းစပ်ပြီး ဆွေးနွေးထားပါတယ်။
ပါဝင်ဆွေးနွေးမည့် သူများမှာ ….
ဆလိုင်းရောဘတ် အယ်ဒီတာ ခိုနူမ်းသုန်သတင်းဌာန
နော်ဒွေးအယ်ခူ သတင်းအယ်ဒီတာ ကန္တာရဝတီတိုင်း (မ်) သတင်းဌာန
ဦးကိုကိုဇော် အယ်ဒီတာချုပ် သံလွင်တိုင်းမ်
နေဝင်းစံ အယ်ဒီတာ Development Media Group
အားမီ အယ်ဒီတာ သတင်းနှင့်မီဒီယာကွန်ရက် (NMG)



