spot_img
31.3 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ရေးပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

စစ်ရေးပြင်းထန်နေတဲ့ ဖားဆောင်းမြို့က သံလွင်တံတား မိုင်းခွဲဖျက်ဆီးခံရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဖားဆောင်းမြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်တံတား ယခုရက်ပိုင်းအတွင်းမှာပဲ မိုင်းခွဲဖျက်ဆီးခံရတယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် ထူးချောင်းတံတားလည်း ဖျက်ဆီးခံရပြီး ဘယ်အဖွဲ့အစည်းက ဖောက်ခွဲဖျက်ဆီးခဲ့လဲဆိုတာကိုတော့ မသိရသေးပါဘူး။

ဖားဆောင်းသံလွင်တံတားဟာ ဖားဆောင်း – မယ်စဲ့က ဒေသခံတွေ အဓိက သွားလာ အသုံးပြုတဲ့ တံတားတစင်းဖြစ်ပြီး ၂၀၁၅ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ အလားတူ ထူးချောင်းက သံလွင်မြစ်ထဲကို စီးဝင်တဲ့ ချောင်းဖြစ်ပြီး ဘောလခဲ – ဖားဆောင်း မြို့နယ်သွားတဲ့ လမ်းမကြီးပေါ်မှာ တည်ရှိတာပါ။

စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် စက်တင်ဘာလကစလို့ ဘောလခဲ-ထူးချောင်း-ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းကို အဓိက အသုံးပြုပြီး ထိုးစစ်ဆင်ကာ စစ်ရေးလှုပ်ရှားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်ပြီး ၇ လအကြာ ဖားဆောင်းမြို့တွင်းကို စစ်ကော်မရှင်တပ်သားတွေက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကော်မရှင်ဖက်က ဝါဒဖြန့် ပြောဆိုမှုတွေ ရှိနေပေမယ့် မြေပြင်မှာ နှစ်ဖက်စစ်ရေးပြင်းထန်နေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ