spot_img
27.7 C
Loikaw
Thursday 26, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းမိုးဗြဲမြို့အနောက်ခြမ်းကို စစ်ကော်မရှင်နဲ့ PNO တို့ ထိုးစစ်ဆင်နေ၊ လူထုတွေကို သတိထားနေထိုင်၊ သွားလာကြဖို့ မိုးဗြဲ PDF အသိပေး

မိုးဗြဲမြို့အနောက်ခြမ်းကို စစ်ကော်မရှင်နဲ့ PNO တို့ ထိုးစစ်ဆင်နေ၊ လူထုတွေကို သတိထားနေထိုင်၊ သွားလာကြဖို့ မိုးဗြဲ PDF အသိပေး

-

ကန္တာရဝတီတိုင်း(မ်)

ရှမ်း-ကရင်နီနယ်စပ်က မိုးဗြဲမြို့ အနောက်ဖက်ခြမ်းမှာရှိတဲ့ လာမောက်လာရွာ နဲ့ လွယ်ယင်းမင်္ဂလာ ကျေးရွာတွေမှာ စစ်ကော်မရှင်နဲ့ စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်တို့ရဲ့ ထိုးစစ်ဆင်မှု တွေရှိပြီး လူထုတွေ သတိထား နေထိုင်သွားလာကြဖို့ ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် က အသိပေးထုတ်ပြန်ထာပါတယ်။

စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တွေဟာ နယ်မြေစိုးမိုးနိုင်ရန်အတွက် အင်အားအလုံးအရင်း ထိုးစစ်ဆင်မှုတွေအပြင် စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်း ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။

“မိုးဗြဲဖက်က မြေပြင်တိုက်ပွဲက လွယ်ယင်းဖက်မှာပဲ ဖြစ်တာ။ ရန်သူဖက်က ထိုးစစ်တွေကြောင့်ပေါ့။ ကျန်တဲ့နေရာတော့မဖြစ်ဘူး။”လို့ မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာလည်း နယ်မြေရှင်းလင်းဖို့ ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ကြတာပါ။

အခုလို မြေပြင်နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေး ထပ်မံ ဖြစ်ပွားနိုင်တာကြောင့် ‌တော်လှန်ရေး အင်အားစုတွေ ကန့်သတ်ထားတဲ့ နယ်မြေတွေမှာ ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ မိုးဗြဲ PDF က အသိပေးထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ