Homeသတင်းမြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် တလအတွင်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် တလအတွင်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့

-

ကန္တာရဝတီတိုင်း(မ်)

မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အမျိုးသမီး သေဆုံးသူ ၆၃ ဦး ရှိခဲ့တယ်လို့ ဒီကနေ့ မတ်လ ၁၀ ရက်နေ့မှာ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သေဆုံးမှုတွေဟာ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၄၆ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၈ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၇ ဦး နဲ့ ကျည်ထိမှန်မှုကြောင့် ၂ ဦး ဖြစ်ပါတယ်။

အဆိုပါ သေဆုံးခဲ့သူ အမျိုးသမီးတွေထဲမှာလည်း အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၈ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဒ့ါအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၄၁ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၁၃ ဦး၊ မြေမြုပ်မိုင်းကြောင့် ၁၀ ဦး ၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် ၂ ဦး စတဲ့ ဖြစ်စဥ်တွေကြောင့် အမျိုးသမီးပေါင်း ၆၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အမျိုးသမီးတွေဟာ နေရာဒေသအရ ကရင်နီပြည်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် နှစ်ဦး ၊ ရခိုင်ပြည်နယ်မှာ ၂၂ဦး ၊ စစ်ကိုင်းတိုင်းမှာ ၁၂ဦး၊ မကွေးတိုင်းမှာ ၁၁ဦး၊ တနင်္သာရီတိုင်းမှာ ၆ဦး၊ မန္တလေးတိုင်းမှာ ၅ဦး၊ ပဲခူးတိုင်းမှာ ၂ဦး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် တို့မှာ ၁ဦးစီ ပါရှိပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာတော့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရခိုင်ပြည်နယ်က ၂၂ ဦးနဲ့ သေဆုံးမှု အများဆုံး ဒေသ ဖြစ်ခဲ့ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ