Homeသတင်းစစ်ရှောင်တွေ မွေးမြူထားတဲ့ကြက် အနာကျပြီး အကောင်ရေ ၁၀၀ ကျော် သေဆုံး

စစ်ရှောင်တွေ မွေးမြူထားတဲ့ကြက် အနာကျပြီး အကောင်ရေ ၁၀၀ ကျော် သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ မိုးဗြဲအနောက်ခြမ်းရှိ လဂျီနွဲ့ ကျေးရွာမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်‌ဘေးရှောင်တွေ တပိုင်တနိုင် မွေးမြူထားတဲ့ကြက် အနာကျပြီး သေဆုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။

ကြက်နာကျတာဟာ ဖေဖော်ဝါရီလ အကုန်ပိုင်းမှာ စတင်ဖြစ်ပွားပြီး ယခုအချိန်ထိ သေဆုံးနေဆဲ ဖြစ်ကာ ကြက်အကောင်ရေ ၁၀၀ ကျော် သေဆုံးသွားတယ်လို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။

“စစ်ရှောင်ပဲကို အကောင် (၁၀၀) ကျော်လာက် ကြက်နာကျ သေကုန်တယ်။ ရွာဖက်မှာလည်း ကျတယ်။” လို့ စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦး က ပြောပါတယ်။

ကြက်နာကျပေမဲ့ ရောဂါကာကွယ်နည်းနဲ့ဆိုင်တဲ့ အသိပညာတွေ မရှိသလို ကာကွယ်ဖို့နည်းလမ်းတွေကိုလည်း နားမလည်ကြဘူးလို့ သူမက ဆက်ပြောပါတယ်။

ကြက်နာကျသေဆုံးတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲကြုံလာရတာနဲ့ ပတ်သက်ပြီး စစ်ရှောင်ကော်မတီဝင် အမျိုးသမီးတစ်ဦးက အခုလို ဆက်ပြောပါတယ်။

“ထောက်ပံ့ကြေးမလာသေးလို့ ဆန်ပြတ်သွားရင် ဆန်နဲ့ လိုက်လဲစားတာ ရှိတယ်လေ။ ပိုက်ဆံလိုရင် လိုက်ရောင်းတာလည်း ရှိတယ်။ ဟင်းမရှိရင် ချက်စားလို့လည်း ရတယ် ဟင်းအတွက်လည်း ဖြစ်တယ်။အထောက်အကူ အများကြီးဖြစ်တယ် ကြက်က။” လို့ ဆိုပါတယ်။

ယခုပေါက်ဈေးအရ အိမ်ကြက်တစ်ကောင်ကို မြန်မာကျပ်ငွေ အနည်းဆုံး (၃၀,၀၀၀) ကျပ်ကနေ အများဆုံး (၆၀,၀၀၀) ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

အဆိုပါစစ်ရှောင်စခန်းမှာ အိမ်ခြေ (၈၃) အိမ်၊ လူဦးရေ (၂၀၀) ဝန်းကျင်ရှိပြီး အိမ်တိုင်းမှာ တပိုင်တနိုင် ကြက်မွေးမြူထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ