ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည် ၊ ဖားဆောင်းမြို့နဲ့ မော်ချီး ကြားမှာရှိတဲ့ ၉မိုင်ကို ယမန်နေ့ မတ်လ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံတဦး ထိခိုက်ဒဏ်ရာရတာ ပြင်းထန်တယ်လို့ သိရပါတယ်။
“ထိသွားတဲ့သူက အရပ်သားပဲ အသက် ၄၀ ဝန်းကျင်အရွယ်။လက်ညာဖက် လည်ပင်းက ဘယ်ဖက်ထိသွားတာ။” လို့ ဒေသခံတဦးက ပြောပါတယ်။
အဆိုပါ ဒေသခံဟာ ထိခိုက်ဒဏ်ရာရတာပြင်းထန်တာကြောင့် လက်ရှိမှာ ဆေးကုသမှုခံယူနေရသလို တခြား ထိမှန်သူတချို့လည်းရှိပေမယ့် စိုးရိမ်စရာမလိုဘူးလို့ ဆိုပါတယ်။
ဒ့ါအပြင် စစ်ကော်မရှင်က စစ်ဧရိယာအနီးဖြစ်တဲ့ ခဲမဖြူကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
“ပထမနှစ်စီးကတော့ ခဲမဖြူမှာချတာ သိတယ်။နောက်တစီးက ဖားဆောင်းဖက်ကနေတက်လာပြီး နီးနီးလေးပဲ ချသွားတာ။ (၉)မိုင်ဖက် ကြဲသွားတာ” လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ (၁၀)ရက်နေ့မှာလည်း မော်ချီးတနေရာကို စစ်ကော်မရှင်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓါတ်ပုံ – ဒေသခံ ( ပေးပို့ )





