Homeသတင်းကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာ

ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာ

-

ကန္တာရဝတီတိုင်း( မ် )

စစ်ကော်မရှင် ကျင်းပတဲ့ရွေးကောက်ပွဲကနေ အနိုင်ရကိုယ်စားလှယ်လောင်းတွေကို ဒီကနေ့ မတ်လ ၁၆ ရက်နေ့မှာ ပြည်သူ့လွှတ်တော် ခေါ်ယူခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဌ ဦးခင်ရီက လွှတ်တော်ဥက္ကဌဖြစ်လာပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ဒီနေ့မနက်ပိုင်း နေပြည်တော်မှာ စတင် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဥက္ကဌရွေးချယ်ပြီးတဲ့နောက် ဒုတိယဥက္ကဌကို ဆက်လက်ရွေးရာမှာ လက်ရှိ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဒုတိယဥက္ကဌဖြစ်လာပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌရဲ့ လွှတ်တော်သက်တမ်းက ၅ နှစ်ဖြစ်ပြီး တာဝန်တွေက ဥပဒေပြုရေး၊ အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အပြန်အလှန်ထိန်းကျောင်းရေး၊ ပြည်သူကိုကိုယ်စားပြုရေးတွေကို လုပ်ဆောင်ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ ဥက္ကဌနေရာရတဲ့သူက သမ္မတလုပ်လို့မရတော့ပါဘူး။

စစ်ကော်မရှင်ကအပိုင်း ၃ ပိုင်းခွဲပြီး ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၆၃ နေရာရှိတဲ့ထဲက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၂၃၁ နေရာနဲ့အများဆုံး အနိုင်ရရှိခဲ့လို့ ပြည်သူ့လွှတ်တော်မှာလည်း ကြံ့ခိုင်ရေးအမတ်နေရာ ၂၃၁ ဦးရှိနေမှာပါ။ ပြည်သူ့လွှတ်တော်ကို မြို့နယ်အခြေခံပြီး ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး၊ စုစုပေါင်း ၄၄၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ