ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၃၀၀၀)ကျော်မြင့်တဲ့ တောင်ပေါ်မှာ (၃) နှစ်တစ်ကြိမ်သာ ကျင်းပတဲ့ ရိုးရာနတ်ပူဇော်ပွဲတစ်ခုအတွင်း ကြက်ရိုးထိုးဗေဒင်မေးခြင်း၊ ဝက်ပူဇော်ခြင်း၊ ရိုးရာဗုံမောင်းတီးခြင်းတို့နဲ့အတူ သံလွင်အရှေ့ဖက်ဒေသရှိ ဌာနေတိုင်းရင်းသားများ၏ ယုံကြည်မှုများနှင့် ရိုးရာဓလေ့များကို ဒီဗီဒီယိုထဲမှာ မြင်တွေ့ရမှာပါ။
ဒီတစ်ပတ် Lifestyle ဗီဒီယိုအစီအစဉ်မှာတော့ Kantarawaddy Times အဖွဲ့က ရိုက်ကူးတင်ဆက်ထားတဲ့ ဆိုတရှားတောင် နတ်ပူဇော်ပွဲ၏ ထူးခြားတဲ့ ရိုးရာဓလေ့များနှင့် ကရင်နီယဉ်ကျေးမှုအလှတရားများကို တင်ဆက်ပေးထားပါတယ်။
ထို့အပြင် ကရင်နီမျိုးနွယ်စုများ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းများ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအစားအသောက်များနှင့် ရိုးရာတူရိယာ အတီးအမှုတ်များကိုလည်း KT Lifestyle အစီအစဉ်မှတစ်ဆင့် ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါတယ်။
ကရင်နီလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုအလှတရားတွေကို သိရှိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ရှုလိုက်ပါ။




