ကန္တာရဝတီတိုင်း(မ်)
ကရင်နီအမျိူးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်းပါတီဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူးရဲ့ ရုပ်ကလပ်ကို မေလ ၁၃ ရက်နေ့ က လွတ်မြောက်နယ်မြေတနေရာမှာ ဂူသွင်းသဂြိုလ်ခဲ့ပါတယ်။
အခမ်းအနားသို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပါတီခေါင်းဆောင်ကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုကွယ်ထူးဝင်း၊ ပအိုပ့်အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်း ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊ ကရင်နီပြည်အတိုင်ပင်ခံကော်စီ KSCC ၊ ကရင်နီပြည်အစိုးရ ဌာနဆိုင်ရာများ၊ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုကျောင်းသားကျောင်းသူများ၊ အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ တက်ရောက်ဂါရဝ ပြုခဲ့ကြပါတယ်။
အဆိုပါ အစီအစဥ်အတွင်း ရဲဘော် ခွန်းရီမာန်ထူးရဲ့ကိုယ်ရေးအကျဥ်းများ ဖတ်ကြားခြင်း၊ ပေးပို့လာတဲ့ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ အမှတ်တရစကားများ ပြောကြားခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ ဂူသွင်းသဂြိုလ်ခြင်း စတဲ့ အစီအစဥ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
KNPP အမြဲတမ်းပါတီ ဗဟိုကော်မတီဝင် ရဲဘော် ခွန်းရီမာန်ထူးက လူကြီးရောဂါနဲ့ မေ ၁၀ ရက်နေ့၊ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရဲဘော် ခွန်းရီမာန်ထူးဟာ အသက် ၈၂ နှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။
ရဲဘော် ခွန်းရီမာန်ထူးဟာ ၁၉၇၈ ခုနှစ်မှာ ကရင်နီပြည်ကို ကျူးကျော်လာတဲ့ ဖဆပလ စစ်အစိုးရကို ရရာလက်နက်နဲ့ ခုခံတော်လှန်ခဲ့သူတွေထဲမှာ စတင်ပါ၀င်ခဲ့တဲ့ ကရင်နီတော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။
ခွန်းရီမာန်ထူး ရဲ့ ဈာပန အခမ်းအနား မှတ်တမ်းအကျဉ်းကို ဖော်ပြလိုက်ပါတယ်။




