spot_img
Homeသတင်းဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ၁ လအတွင်း ငှက်ဖျားဖြစ်ပွားသူ ၁၀၀ နီးပါး ရှိ

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ၁ လအတွင်း ငှက်ဖျားဖြစ်ပွားသူ ၁၀၀ နီးပါး ရှိ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ မေလကစတင်လို့ ဇွန်လ ၁၂ ရက်နေ့အထိ ကလေး ၊ လူကြီးအပါဝင် ငှက်ဖျားဖြစ်ပွားသူ ၁၀၀ နီးပါးရှိတယ်လို့ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။

“ငှက်ဖျားဖြစ်တာကတော့ လတိုင်းလိုလိုပါပဲ၊ မေလကနေ ဇွန်လ ၁၂ ရက်နေ့အထိကတော့ အရမ်းများလာတာပေါ့နော”လို့ ကျန်းမာရေး ဆရာမတဦးက ဆိုပါတယ်။

အခုလို ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု များလာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကနေ ဆေးဝါးတချို့ ကူညီဆောင်ရွက်ထားတာရှိပေမယ့် လုံလောက်မှုမရှိသလို ငှက်ဖျားရောဂါ ကာကွယ်နိုင်ဖို့ ခြင်ထောင်(ဆေးစိမ်) နဲ့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ အဆိုပါ ကျန်းမာရေးဆရာမတဦးက ဆက်ပြောပါတယ်။

“အခြားဆေးဝါးတော့ အများကြီး လိုအပ်တာပေါ့၊ ငှက်ဖျားဒေသမှာ နေကြတယ်ဆိုတော့ နေ့ခင်းဘက်လည်း ခြင်လိမ်းဆေးပါလိုတာပေါ့နော၊ အရွယ်စုံဖြစ်လာပြီဆိုတော့ စိုးရိမ်ရတာပေါ့”လို့ သူက ဆိုပါတယ်။

မိုးတွင်းကာလမှာ နှစ်စဉ် ငှက်ဖျား ကူးစက်ဖြစ်ပွားလေ့ရှိပြီး ၅ နှစ်အောက် ကလေးငယ်တွေလည်း ကူးစက်ဖြစ်ပွားနေကြတယ်လို့ ပြောပါတယ်။

အဆိုပါ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ငှက်ဖျားဖြစ်ပွားတဲ့ နေရာဒေသမှာ လူဦးရေ ၂၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ