HomeKT FMKT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ ( ၁၉ ) ရက်၊ ၂၀၂၆ ခုနှစ်(သောကြာနေ့)

KT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ ( ၁၉ ) ရက်၊ ၂၀၂၆ ခုနှစ်(သောကြာနေ့)

-

KT-FM ကရင်နီဘာသာ အစီအစဉ် ဇွန်လ ( ၁၉ ) ရက်၊ ၂၀၂၆ ခုနှစ်(သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
–  ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ ငှက်ဖျားရောဂါ အဖြစ်များနေ
– ထိုင်းမှာ အထောက်အထားရှိသည့်တိုင် နိုင်ငံခြားသားတွေ လုံးဝလုပ်ကိုင်ခွင့်မရတဲ့ အလုပ် အစိုးရထုတ်ပြန်
– ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက ကျောင်းတကျောင်းမှာ ဆရာ၊ ဆရာမ လုံလောက်မှုမရှိတာကြောင့် နေ့တပိုင်းသာ စာသင်ကြားနိုင်
– စစ်ရှောင်စာသင်ကျောင်းမှာ မူကြိုကျောင်းဖွင့်လှစ်နိုင်ဖို့ မိဘတွေတောင်းဆို၊ စေတနာ့ဝန်ထမ်း (မူကြိုကျောင်းဆရာမ) လိုအပ်နေဆဲ ဆိုတဲ့ သတင်းနဲ့အတူ  “ စစ်မီးကြားက ပညာရေး၊ စားဝတ်နေရေးကျပ်တည်းမှုနှင့် လူသားအရင်းအမြစ် ဆုံးရှုံးနိုင်ခြေများ” ဆိုတဲ့ ဆောင်းပါးနဲ့အတူ မိုးလေးဝသ သတင်း၊ ကယန်းဘာသာနှင့် ကယောဘာသာ အစီအစဉ်နဲ့နောက်ဆုံးရ သတင်းများကို ဆက်လက်တင်ပြ ပေးသွားမှာ ဖြစ်ပါတယ်။

KT-FM ကရင်နီဘာသာအစီအစဉ်ကို မနက် ၇း၀၀ မှ ၈းဝဝ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ   FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ